သာစည်မြို့က ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နေအိမ်နဲ့ဆိုင်ခန်းငှားကို အာဏာသိမ်းအဖွဲ့က အပိုင်ကြံ ချိတ်ပိတ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ‌ဒေါ်နေနွယ်ဝင်း (ခ) မပအိုဝ့်မကို NUG၊ CRPH၊ PDF တို့ ပတ်သက်ကြောင်း စွတ်စွဲပြီး နေအိမ် နဲ့ ဆိုင်ခန်းငှားကို အာဏာသိမ်းအဖွဲ့က ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့က ချိတ်ပိတ်သွားသလို ညပိုင်းမှာလည်း  ရပ်ကွက်(၄)ထဲက နေအိမ်မှာ သိမ်းထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ပစ္စည်းတွေကိုလည်း အာဏာသိမ်းအဖွဲ့က ဝင်ရောက် သိမ်းယူသွားပါတယ်။