တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေနေသည့် ကိုရီးယား - မြန်မာ တက်ကြွလှုပ်ရှားသူများအား ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၁)ရက်နေ့တွင် တွေ့ဆုံပြီး နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)မှ အရေးတော်ပုံအောင်နိုင်ရေး ဟောပြောမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် မြန်မာ့အရေး အားပေးကူညီနေသည့် ကိုရီးယားနိုင်ငံသားများနှင့် ကိုရီးယားရောက် မြန်မာများက နွေဦးတော်လှန်ရေးဆရာတော်(ဒယ်ဂူးဘုန်းဘုန်း)ဦးဆောင်မှုဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ကြာသပတေးနေ့များတွင် ကြွေးကြော်ဆန္ဒပြမှုများကို လုပ်ဆောင်လေ့ရှိသလို ရန်ပုံငွေရှာဖွေရေးများလည်း လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။