မြင်းမူမြို့နယ်အတွင်း မဲနောကျေးရွာအနီးရှိ Mytel တာဝါတိုင်ကို သပြေညို ပြောက်ကျားတပ်ဖွဲ့က ဒုတိယအကြိမ် ဖောက်ခွဲ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း  မြင်းမူမြို့နယ်၊ မဲနောကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်၏ အကျိုးစီးပွားတစ်ခုဖြစ်သည့် Mytel တာဝါတိုင်ကို ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် သပြေညို ပြောက်ကျားတပ်ဖွဲ့က ဒုတိယအကြိမ် ထပ်မံ ဖောက်ခွဲလိုက်ကြောင်း သတင်းထုတ်ပြန်လာသည်။

 

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၀)ရက်နေ့တွင် သပြေညို ပြောက်ကျားတပ်ဖွဲ့က မဲနောကျေးရွာရှိ Mytel တာဝါတိုင်ကို ဒုတိယအကြိမ်အဖြစ် ဖောက်ခွဲဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး ပထမအကြိမ် ဖောက်ခွဲမှုတုန်းက ပျက်စီးမှုများကို အာဏာသိမ်းအဖွဲ့ဘက်က ပြန်လည်ပြုပြင်သည့်အတွက် ယခုအခါမှာ ထပ်မံ ဖောက်ခွဲခြင်း ဖြစ်ကြောင်း သိရသည်။