ထန်တလန်မြို့ မီးလောင်ပြာကျခြင်းသည် PDF ကြောင့်ဟု ဇော်မင်းထွန်း စွတ်စွဲ

ချင်းပြည်နယ် ထန်တလန်မြိုပေါ် နေအိမ် ရာကျော် မီးလောင်မှုဖြစ်ပွားခြင်းသည် အာဏာသိမ်းစစ်တပ်က လုပ်တာ မဟုတ်ဘဲ PDF အဖွဲ့က မီးရှို့ခြင်းဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့က အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပြောကြားလာခြင်းဖြစ်သည်။

ထန်တလန်မြို့ပေါ် မီးလောင်ပြာကျသည့် အခြေအနေများအား CDF ထန်တလန်၏  စာရင်းအရ  ဘုရားကျောင်း(၂)ကျောင်း၊ CB ဘဏ်(၁)ခု၊ Save the Children ရုံး  အပါအဝင် နေအိမ်အဆောက်အဦး (၁၆၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု သိရသော်လည်း အာဏာသိမ်းစစ်တပ်က နေအိမ်(၇၀)ခန့်နှင့် ဘုရားကျောင်း(၂)ကျောင်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့သည် လိမ်လည်ထုတ်ပြန်ကြေညာထားသည်။

 

Video: MWD