မန္တလေးမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ထု ဖျက်ဆီးခံရ

မန္တလေးမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ထု ဖျက်ဆီးခံရ

* *  * * *

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၅၅ လမ်း၊ ၄၀ × ၄၁ လမ်းကြားရှိ မစိုးရိမ် ကံတက်ကုန်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် စိုက်ထုထားရှိသည့် ရုပ်တု ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်အစောပိုင်းက ဖျက်ဆီးခံရကြောင်း သိရသည်။

"အမေစု ရုပ်တုကို ဖျက်ဆီးတယ်ဆိုကတည်းက ပျူစောထီးတွေပဲ ဖြစ်မှာပါ။ ပြည်သူ့ဘက်တော်သားတွေက ဘယ်တော့မှ ဒီလိုမျိုးမလုပ်ဘူးလေ။ အသိသာကြီးပါ။ သူတို့ ခေါင်းဆောင်ရဲ့ ရုပ်တုတွေ ဘယ်မှ မှ မရှိတာ။ အဲ့တော့ လူထုခေါင်းဆောင်ရဲ ရုပ်တုကို လုပ်ပြီပေါ့။ ပြောရရင်တော့ဗျာ ရုပ်တုတောင် ကြောက်နေကြတဲ့ လူစားတွေပေါ့"ဟု မဟာအောင်မြေမြို့နယ်တွင်းနေဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါရုပ်တုအား ၂၀၁၈ခုနှစ် ဇွန်လ(၁)ရက်နေ့က စတင်ထုလုပ်ခဲ့ပြီး ဇွန်လ(၁၆)ရက်နေ့တွင် အချောထည်အပြီးသတ်ခဲ့ကာ ၂၀၁၈ခုနှစ် ဇွန်လ(၁၉)ရက်နေ့တွင်   ဒေါ်အောင်ဆန်းစုကြည်၏ (၇၃)နှစ်မြောက် မွေးနေ့အမှတ်တရအဖြစ် ဖွင့်ပွဲဖြင့်ပါကျင်းပပြီး စိုက်ထူထားခြင်း ဖြစ်သည်။