စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ရဲထွက်ကျေးရွာအုပ်စုအတွင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်တွေ ဒီနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ပျံသန်းမှုတွေ လုပ်ဆောင်နေပါတယ်။
အခုလို ပျံသန်းနေတာက ဒီနေ့တစ်နေ့တည်းမဟုတ်ဘဲ အောက်တိုဘာလရဲ့ ပထမပတ်အတွင်းက စတင်ပြီး မကြာခဏ ပျံသန်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဘုတလင်မြို့နယ်နဲ့ အနီးဆုံးဖြစ်တဲ့ စိုင်ပြင်မှာလည်း အောက်တိုဘာလ(၈)ရက်နေ့ ညပိုင်းက ပေါက်ကွဲသံ (၂)ချက်ကြားရသလို အခုမနက် (၅)နာရီဝန်းကျင်မှာလည်း ပေါက်ကွဲသံ (၂)ချက် ထပ်ကြားရသေးတယ်လို့ သိရပါတယ်။