ငါမသေရင် ငါ့စခန်းမကျစေရဘူးဆိုတဲ့ အာဏာသိမ်းအကြမ်းဖက်အဖွဲ့ရဲ့ စစ်တပ်က စခန်းကို စွန့်ခွာထွက်ပြေး

By Tachileik News Agency

 ချင်းပြည်နယ်အတွင်း ထန်လန်မြို့နယ်  ဝမ်တူးစခန်းမှာရှိတဲ့ စစ်သားများကို  ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်ဖို့ ဆက်သွယ်စည်းရုံးခဲ့ပေမဲ့လည်း ပူးပေါင်းခြင်း မရှိတာကြောင့် ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ ဇိုဖေးဒေသ ချင်းကာကွယ်ရေးတပ်ဖွဲ့  တို့ကနေပြီးတော့ အဲ့ဒီ စခန်းကို ဝင်ရောက်သိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ ပြင်ဆင်နေချိန်မှာပဲ အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ရဟတ်ယာဉ်နဲ့ လာရောက်ပြီး  သူတို့ကို ခေါ်ဆောင်သွားကြတာ ဖြစ်ကြောင်း ဇိုဖေးဒေသ ချင်းကာကွယ်ရေးတပ်ဖွဲ့ က ၂၀၂၁ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းအကြမ်းဖက်အဖွဲ့ရဲ့ စစ်သားများဟာ စခန်းကို မစွန့်ခွာမီမှာ ဗုံး(၈)လုံးကိုလည်း မြေအတွင်း မြှုပ်နှံပြီးထောင်ထားခဲ့ပါသေးတယ်။ 

ဒါပေမဲ့ ချင်းအမျိုးသားတပ်မတော်(CNA) နဲ့ ဇိုဖေးဒေသ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF-Zophei) တို့က ရှာဖွေရှင်းလင်းခဲ့ပြီး ကျန်ရှိတဲ့ စခန်းနဲ့အိမ်တွေအားလုံးကို ဖျက်ဆီးလိုက်ကြပါတယ်။

ငါမသေရင် ငါ့စခန်းမကျစေရဘူးဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့အဖွဲ့ဟာ တိုက်ခိုက်မှု မခံရဘဲနဲ့ စခန်းကို စွန့်ခွာသွားကြတာဖြစ်ပါတယ်။

 

video: CDF-Zophei