စစ်အာဏာသိမ်းမှုတော်လှန်ရေးအတွင်း ကြွေလွင့်ရသည့် သူရဲကောင်းများကို ဂုဏ်ပြုထားသည့် “ဦးညွှတ်နေမယ်”
စစ်တပ်က နိုင်ငံ့အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖေါ်သည့်ပြည်သူများအား အာဏာသိမ်းအဖွဲ့က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကြွေလွင့်ခဲ့ကြရသည့် ပြည်သူ့သူရဲကောင်းများအတွက် ဂုဏ်ပြုတေးတစ်ပုဒ်ကို မန္တလေးမြို့တွင် ကြွေလွင့်ခဲ့ရသူများမှ တစ်ဦးဖြစ်သည့် ကြယ်စင် (ခ) ကျားရှီးကျဆုံးရသည့် (၆)လပြည့်နေ့တွင် တေးရေး ကျော်ကြီးက ဦးညွှတ်နေမယ် အမည်ဖြင့် ဂုဏ်ပြုရေးစပ်ထားခြင်းဖြစ်သည်။
အာဏာသိမ်းခံရသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှ စက်တင်ဘာလ (၂) ရက်နေ့အထိ ကျဆုံးရသည့်ပြည်သူ (၁၀၄၃) ဦး၏ စာရင်းကို AAPP က ရရှိထားပြီး စာရင်းမရရှိသေးသည့် ကျဆုံးရသူများလည်း ရှိနေနိုင်သည်။