အာဏာသိမ်းစစ်တပ်၏ လေကြောင်းရန်ကြောင့် ထိုင်းနယ်စပ်တွင် ခိုလှုံနေရသည့် ကရင်စစ်ဘေးရှောင် ၁၀၀ ကျော်ကို ထိုင်းတာဝန်ရှိသူများက နေရပ်ပြန်ပို့

 

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်စစ်ဘေးရှောင် (၁၀၀) ကျော်ကို ထိုင်းတာဝန်ရှိသူများက ၂၀၂၁ ခုနှစ် မေလ (၈) ရက်နေ့တွင် နေရပ်ပြန်ပို့လိုက်ကြောင်း Salween Press ၏ သတင်းအရ သိရသည်။



အာဏာသိမ်းစစ်တပ်က မြန်မာ - ထိုင်းနယ်စပ်ရှိ KNU တပ်မဟာ ၅ နယ်မြေကို မေလ (၂၇) ရက်နေ့မှစ၍ လေကြောင်းမှ တိုက်ခိုက်မှုများလုပ်နေသဖြင့် ဒေသခံများမှ လေကြောင်းရန်မှလွတ်ရန် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး အချို့မှာ နယ်စပ်သံလွင်မြစ်ကိုဖြတ်၍ ထိုင်းနိုင်ငံဘက်သို့ ဧပြီနောက်ဆုံးပတ်က ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။



တိုက်ပွဲရှောင်များ၏ မူလနေရပ်ဒေသများမှာ လုံခြုံမှုမရှိသေးသော်လည်း စစ်ဘေးရှောင် (၁၀၀) ကျော်မှာ နေရပ်ပြန်ပို့ခံရပြီး ကျန်စစ်ဘေးရှောင်များမှာလည်း နေရပ်ပြန်ရန် လုံခြုံသည့်အခြေအနေကို စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း သိရသည်။

Video: Salween Press