ရှမ်း(အရှေ့)အတွက် ကိုဗစ် ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွက် ၂၀၂၁ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့မှာ ရောက်ရှိလာတဲ့ Covid-19 ကာကွယ်ဆေးတွေက ပထမ ဦးစားပေးအဆင့်အနေ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းထဲက ကျန်းမာရေးဝန်ထမ်း (၁၆၅၂)ဦးအတွက်ဖြစ်ပြီး နောက်ထပ် ထိုးနှံပေးရမဲ့ ဦးစားပေးအုပ်စုကိုတော့ လက်ရှိမှာ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

အခုရောက်ရှိလာတဲ့ ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပတ်သက်ပြီး တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က  ရှင်းပြပါတယ်။

ပထမအဆင့်အနေနဲ့ ကာကွယ်ဆေးရရှိလာတဲ့ အရေအတွက်ပေါ်မူတည်ပြီး ခွဲဝေပေးတာဖြစ်လို့ ဒီတစ်ခေါက်မှာတော့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေတဲ့ ဗော်လံတီယာတွေနဲ့ တခြားအဖွဲ့တွေအတွက် ထည့်သွင်း မပေးနိုင်သေးဘူးလို့ ပြောပါတယ်။

ဇန်နဝါရီလ(၂၇)ရက်နေ့ကနေ ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းကို စတင်နေပြီဖြစ်ပေမဲ့ အများပြည်သူအနေနဲ့ ကိုဗစ်ကာကွယ်ရေးကို သတိရှိရှိနဲ့ ဆက်လက် လိုက်နာကြပါလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းထားပါတယ်။



အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို လက်ဆောင်အဖြစ် ပေးပို့ထားတဲ့ ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁ သန်းခွဲနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။

Tachileik News Agency

သတင်းတင်ဆက် - ကိုဇောင်း

သတင်းရိုက်ကူး - ချယ်ရီထိုက်

Ko Zaung is the editor-in-chief of Tachileik News Agency.

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။