တာချီလိတ်၊ မေလ(၂၉)ရက်
တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေ့ပြောင်းနေထိုင်သူ (၃၀၀၀)ကျော်အား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် မှတ်ပုံတင် တစ်မျိုးမျိုးအား ထုတ်ပေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ သိရသည်။
"ခန့်မှန်းခြေတော့ (၃၀၀၀)နဲ့ (၅၀၀၀)ကြားထဲမှာ လုပ်ပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဓိကတော့ သာမန်ရွှေ့ပြောင်းနေထိုင်သူတွေထုတ်ပေးသွားမည်ပါ ၊ အရင်က ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းလည်း ရှိထားတော့ သိပ်တော့မခက်ခဲပါဘူး။ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေဆီက အချက်အလက်တွေ ရရှိတာနဲ့ စလုပ်မှာပါ"ဟု တာချီလိတ်မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနော်ဘစ်က ဆိုသည်။
တာချီလိတ်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းမရှိဘဲနေထိုင်နေသည့် နေအိမ်အခန်းငှားနေထိုင်သူများအား အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်များထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သစ္စာစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင်ကတ်ပြားထုတ်ပေးရာတွင် စက်ရုံ၊ အလုပ်ရုံနှင့် အိမ်းခန်းငှားရမ်းနေထိုင်သည့်သာမန်ရွှေ့ပြောင်းနေထိုင်သူများ နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ခွင့်ပြုထားခြင်းမရှိသည့်နေရာတွင် ကျူးကျော်နေထိုင်သည့် ယာယီရွှေ့ပြောင်းနေထိုင်သူဟူ၍ ရွှေ့ပြောင်းနေထိုင်သူနှစ်မျိုးခွဲထားကြောင်း သိရသည်။
တာချီလိတ်မြို့နယ်အတွင်း ရွှေ့ပြောင်း (၃၀၀၀)ကျော်အား အိမ်ထောင်စုစာရင်းထုတ်ပေးမည်
Featured News
ဖေဖော်ဝါရီ 11, 2025
ဖေဖော်ဝါရီ 10, 2025
ဖေဖော်ဝါရီ 9, 2025
ဖေဖော်ဝါရီ 8, 2025
ဖေဖော်ဝါရီ 6, 2025