ကျိုင်းတုံ နောင်ခမ်းကန်အတွင်း အမျိုးသားတစ်ဦးအလောင်း တွေ့ရှိ

ကျိုင်းတုံ နောင်ခမ်းကန်အတွင်း အမျိုးသားတစ်ဦးအလောင်း တွေ့ရှိ
နိုဝင်ဘာ 12, 2017
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၃)ရပ်ကွက်ရှိ နောင်ခမ်းကန်တွင် အမျိုးသားတစ်ဦး၏ အလောင်းကို နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေ (၆)နာရီခန့်က တွေ့ရှိရကြောင်း သိရသည်။
"သေသွားတဲ့လူက ရေနစ်သေသွားတာ (၃)ရက်လောက်ရှိပြီလို့ အားလုံးက ကောက်ချက်ချကြတယ်။ အလောင်းကတော့ ဒီနေ့ ညနေမှ ပေါ်တာပေါ့။ ပြီးတော့ သူက ဒီကန်နားမှာပဲအိပ်တဲ့ အိမ်ခြေမဲ့ တစ်ယောက်ပါ။ ကျွန်တော်ထင်တာကတော့ မူးပြီးပြုတ်ကျသွားတယ် ထင်တယ်။ သူ့ ရဲ့  စောင်တွေကလည်း အဲဒီနားမှာပဲ တွေ့ ရတယ်။ အိပ်ရင်းနဲ့  ကျသွားတယ်ထင်ပါတယ်"ဟု အဆိုပါအလောင်းအား ဆယ်ယူ၍ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည့် နှလုံးလှပိုင်ရှင်များအသင်းမှ ကိုကျော်သူအောင်က တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို နှလုံးလှပိုင်ရှင်များအသင်းက ဆယ်ယူ၍ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း #ဇွဲမြတ်
ဓာတ်ပုံ #ကျော်သူအောင်

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~