(တင်ရန်) ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံထောက်ခံကြိုဆိုပွဲ မန္တလေးတွင် (၉) ရက်ပြုလုပ်မည် )((((((၆)ရက်နေ့ တင်ရန်

(တင်ရန်) ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံထောက်ခံကြိုဆိုပွဲ မန္တလေးတွင် (၉) ရက်ပြုလုပ်မည် )((((((၆)ရက်နေ့ တင်ရန်
ဇူလိုင် 31, 2016
By Tachileik News Agency

ရွှေဇော် - Tachileik News Agency
မန္တလေး၊ ဇူလိုင်လ (၃၁) ရက်
မန္တလေးမြို့တွင် ၂၁ ရာစု ငြိမ်းချမ်းရေး ပင်လုံညီလာခံကျင်းပရေးကို ပြည်သူများက ထောက်ခံကြိုဆိုသည့် လမ်းလျှောက်ချီတက်မှုအား  (၉) ရက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ “ပင်လုံညီလာခံဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးအတွက် အရမ်းကို အရေးကြီးပါတယ်။ နိုင်ငံသား အားလုံးလိုချင်နေတဲ့ ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းယူဆောင်ပေးနိုင်တဲ့အထိ လုပ်ငန်းစဉ်ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အခုလိုထောက်ခံကြိုဆို လမ်းလျှောက်ပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်။” ဟု ပွဲမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုမျိုးဝင်းက ဆိုသည်။ အဆိုပါပွဲ၏ ပထမနေ့လမ်းလျှောက်ခြင်းကို နိုင်ငံရေးအင်းအားစုများမှဦးဆောင်၍ ဇူလိုင်လ (၃၁) ရက်နေ့ နံနက် (၉) နာရီအချိန်တွင်စတင်ပြီး မဟာမြတ်မုနိဘုရာကြီးရှေ့မှ မင်္ဂလာမန္တလေးအထိ (၁)နာရီခန့်ပြုလုပ်ခြင်းဖြစ်သည်။ “မန္တလေးမြို့နေရာအနှံ့ နေ့စဉ်နေရာမထပ်ဘဲ (၉) ရက်စလုံး လမ်းလျှောက်ခြင်းကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူ ပြည်သူများအနေဖြင့်ပါဝင်ချင်ရင်လည်း ကိုယ်တိုင်ပါဝင်လို့ရပါတယ်။ ဒီနေ့ကတော့ ပုသိမ်ကြီးမြို့နယ်က တောင်သူလယ်သမားတွေနဲ့ လမ်းလျှောက်ခြင်းကို ပြုလုပ်ခဲ့တာပါ။” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး၊ အမျိုးသားသင့်မြတ်ရင်ကြားစေ့ရေး၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရပ်စဲရေးနှင့်၂၁ ရာစုပင်လုံအောင်ရမည်ဟု ကြွေးကြော်သံလေးချက်ဖြင့် ဇူလိုင်လ (၃၁) ရက်မှ သြဂုတ်လ (၈) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net