ကျိုင်းတုံ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်အား တရားဝင်အတည်ဖြစ်ကြောင်း အမိန့်ချမှတ်

ကျိုင်းတုံ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရှာမွေလရှဲန်အား တရားဝင်အတည်ဖြစ်ကြောင်း အမိန့်ချမှတ်
အောက်တိုဘာ 2, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးက ယင်းမဲဆန္ဒနယ်မှ ရွေးကောက် တင်မြှောက်ခံရသူ ဦးရှာမွေလရှဲန်အား ကန့်ကွက်လွှာနှင့် တန့်ပြန်ကန့်ကွက်လွှာများအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့က ပလပ်လိုက်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဒေါက်တာဝဏ္ဏစိုးက အဆိုပါ မဲဆန္ဒနယ်တွင် ရွေးကောက် တင်မြှောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရှာမွေလရှဲန်အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေး/ကော်ကပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ကန့်ကွက် လျှောက်ထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်ကလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၉၃ အရ တန်ပြန်ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်သန်းနှင့် ဦးသန်းဝင်းတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က ကြားနာစစ်ဆေးပြီး လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုး၏ ကန့်ကွက်လွှာနှင့် ဦးရှာမွေလရှဲန်၏ တန်ပြန်ကန့်ကွက်လွှာတို့ကို ပလပ်ကြောင်းနှင့် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရှာမွေလရှဲန်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~