ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းယုၿမိဳ႕ရိွ ကုန္သြယ္ေရးတံတားမွတစ္ဆင့္ တရုတ္ႏုိင္ငံႏွင့္ ကုန္စည္ကူးသန္းမႈအား ကန္႔သတ္ကုန္မ်ားမွလြဲ၍ ဇူလိုင္လ (၁၆)ရက္ေန႔တြင္စတင္ ခြင့္ျပဳလုိက္ေၾကာင္း သိရသည္။
“တံတားျပန္ဖြင့္လိုက္ေတာ့ ေဒသအတြက္ေရာ ျပည္သူေတြအတြက္ေရာ အဆင္ေျပသြားမယ္။ တံတား မဖြင့္ခင္ အခ်ိန္တုန္းကဆိုု ကုန္သြယ္ေရး အေျခအေနက မေကာင္းဘူး။ အကုန္အက် မ်ားတယ္။ တံတားကေန အမ်ားဆံုး ကုန္သြယ္ေနတာက တရုတ္ျပည္က ကုန္ေတြကို အဓိက သယ္ေနတာျဖစ္တယ္။ အခုလိုတံတားျပန္ဖြင့္လိုက္ေတာ့ ကုန္သြယ္ေရးအပိုင္းမွာလည္း အဆင္ေျပသြားပါတယ္” ဟု ကုန္သြယ္မႈတိုးတက္ေရးအတြက္ နယ္စပ္ဝင္ထြက္လမ္းေၾကာင္းမ်ား ႀကီးၾကပ္ေရး ရွမ္းျပည္နယ္အစိုးရ ကိုယ္စားလွယ္ ဦးမင္းေအာင္ က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ (၁၇)ရက္ေန႔တြင္ ေျပာသည္။
ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွန္တစ္လံု ဦးေဆာင္သည့္အဖြဲ႕က ဇူလိုင္လ (၁၆)ရက္ေန႔တြင္ အဆိုပါကုန္သြယ္ေရးတံတား ျပန္လည္ဖြင့္လွစ္ႏုိင္ေရးအေျခအေနကို သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္း သိရသည္။
မိုင္းယုကုန္သြယ္ေရး တံတားအား ေဒသတြင္း လံုၿခံဳေရး အေျခအေနမ်ားေၾကာင့္ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလ (၁၃) ရက္ေန႔ကတည္းက ပိတ္ထားခဲ့ျခင္းျဖစ္ၿပီး လက္ရိွတြင္ တံတား၏ လံုၿခံဳေရးေဆာင္ရြက္ႏုိင္ရန္ စီစဥ္ထားၿပီးျဖစ္ေၾကာင္း သိရသည္။
မိုင္းယုတံတားမွ တရားဝင္အခြန္ေပးေဆာင္ၿပီး ကုန္သြယ္မႈျပဳရန္ႏွင့္ လူဝင္လူထြက္ စနစ္တက် ျဖစ္ေစေရးအတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕ႏွင့္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရိွသူမ်ားသည္ တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ (၂၇)ရက္ေန႔က ေတြ႔ဆံုေဆြးေႏြးၿပီး ဇြန္လ (၂၉)ရက္ေန႔တြင္ ကြင္းဆင္းစစ္ေဆးမႈမ်ားကိုလည္း လုပ္ေဆာင္ခဲ့ေၾကာင္းသိရသည္။
အဆိုပါ တံတားအား ၂၀၁၇ ခုႏွစ္ ဇြန္လ (၂၆)ရက္ေန႔မွစ၍ လူအဝင္အထြက္သြားလာခြင့္ကို စတင္ ခြင့္ျပဳခဲ့ျခင္း ျဖစ္သည္။
သတင္း - ႏိုႏို
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
“တံတားပြန်ဖွင့်လိုက်တော့ ဒေသအတွက်ရော ပြည်သူတွေအတွက်ရော အဆင်ပြေသွားမယ်။ တံတား မဖွင့်ခင် အချိန်တုန်းကဆို ကုန်သွယ်ရေး အခြေအနေက မကောင်းဘူး။ အကုန်အကျ များတယ်။ တံတားကနေ အများဆုံး ကုန်သွယ်နေတာက တရုတ်ပြည်က ကုန်တွေကို အဓိက သယ်နေတာဖြစ်တယ်။ အခုလိုတံတားပြန်ဖွင့်လိုက်တော့ ကုန်သွယ်ရေးအပိုင်းမှာလည်း အဆင်ပြေသွားပါတယ်” ဟု ကုန်သွယ်မှုတိုးတက်ရေးအတွက် နယ်စပ်ဝင်ထွက်လမ်းကြောင်းများ ကြီးကြပ်ရေး ရှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ် ဦးမင်းအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၇)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ ဦးဆောင်သည့်အဖွဲ့က ဇူလိုင်လ (၁၆)ရက်နေ့တွင် အဆိုပါကုန်သွယ်ရေးတံတား ပြန်လည်ဖွင့်လှစ်နိုင်ရေးအခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းယုကုန်သွယ်ရေး တံတားအား ဒေသတွင်း လုံခြုံရေး အခြေအနေများကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တံတား၏ လုံခြုံရေးဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
မိုင်းယုတံတားမှ တရားဝင်အခွန်ပေးဆောင်ပြီး ကုန်သွယ်မှုပြုရန်နှင့် လူဝင်လူထွက် စနစ်တကျ ဖြစ်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် တာချီလိတ်မြို့တွင် ဇွန်လ (၂၇)ရက်နေ့က တွေ့ဆုံဆွေးနွေးပြီး ဇွန်လ (၂၉)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားအား ၂၀၁၇ ခုနှစ် ဇွန်လ (၂၆)ရက်နေ့မှစ၍ လူအဝင်အထွက်သွားလာခွင့်ကို စတင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
သတင်း - နိုနို