ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင်
ဇန်နဝါရီ 16, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရွှေတိဂုံဘုရားရင်ပြင်ပေါ်တွင် နိုင်ငံခြားသားများ မြန်မာဝတ်စုံနှင့် ဓါတ်ပုံရိုက်ကူးခြင်းအား ပိုမိုသဘောကျကြောင်း သိရသည်။

“ဓါတ်ပုံရိုက်တာတော့ နိုင်ငံခြားသားတွေ အရိုက်များတယ် သူတို့ဝတ်လာတာ ဘောင်ဘီအတို၊ စကပ်အတို၊ ရင်ဟိုက်တွေဆို အင်္ကျီ၊ ပုဆိုးလဲခိုင်းရတယ်၊ အဲ့ဒီအချိန်ဆို သူတို့က မြန်မာအ၀တ်အစားနဲ့ဆို ဓါတ်ပုံရိုက်ကြတယ်..”ဟု ဓါတ်ပုံရိုက်ကူးသူ ကိုမင်းခန့်ထည်မှပြောသည်။

တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် နိုင်ငံခြားသား ခရီးသွားများ အ၀င်အထွက်များလျက်ရှိပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုသဘာဝမျာအား လာရောက်ကြည့်ရှုလိုခြင်းဖြစ်သည့်အတွက် လာရောက်ကြခြင်းဖြစ်ကြောင်း ရာသီမရွေးလာရောက်မှုရှိကြောင်းနှင့် မြန်မာနိုင်ငံအတွင်းမှ လာရောက်လည်ပတ်သူများလည်ရှိကြောင်း တိုင်းရင်းသား လူမျိုးများသည် ပွဲတော်ရှိသည့်ကာလများနှင့် ရိုးရာနှစ်သစ်ကူးအားလပ်ရက်များတွင် အလာများကြောင်း နိုင်ငံခြားသား လာရောက်မှုတွင် တရုတ်နှင့် ထိုင်းလူမျိုးများဖြစ်ပြီး အနောက်နိုင်ငံသား နည်းပါးကြောင်း ခရီးသွားကာလတွင်သာ အနောက်နိုင်ငံသားများလာရောက်တတ်ကြောင်းသိရသည်။
“ဘုရားရင်ပြင်ပေါ်မှာ ဓါတ်ပုံရိုက်ကူးသူ(၁၃)ဦးရှိတယ်၊ ဘုရားဖူးများရင် တစ်ရက် ဘတ်(၁၈၀၀) လောက် ကနေ ဘတ်(၄၀၀၀)လောက်ထိရတယ်၊ တရုတ်နိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားတွေကို ရိုက်ကူးပေးရတာ ပိုများပါတယ်၊ တိုင်းရင်းသားတွေကိုတော့ အခါကြီးရက်ကြီးတွေမှာ ပိုပြီးအလာများတဲ့အတွက် ရိုက်ရပါတယ် အခါလူမျိုးနဲ့ “၀”လူမျိုးတွေပိုရိုက်ကြတယ်”ဟု ဓါတ်ပုံဆရာ ကိုမင်းခန့်ထည် ပြောသည်။
“ရွှေတိဂုံဘုရားကိုမှီပြီး ကျွန်တောတို့ အသက်မွေးတာဆိုတော့ ဓါတ်ပုံရိုက်လို့ရတဲ့ပိုက်ဆံထဲက တစ်ချို့တစ်ဝက်ကိုတော့ ဘုရားကြီးပြန်လည် မွမ်းမံဖို့အတွက်နဲ့ ရည်ရှည်တည်တံဖို့ အလှူငွေပြန် လည်လှူဒါန်းပါတယ်” ဓါတ်ပုံရိုက်ကူးသူများမှပြောသည်။
တာချီလိတ် ရွှေတိဂုံဘုရားတွင် မြန်မာရိုးရာ ပစ္စည်းရောင်းချသူများ၊ ပန်းရောင်းသူများနှင့် ရှမ်းရိုးရာအစားအစာ ရောင်းချသူများနှင့် အမှတ်တရပစ္စည်းရောင်းချသူများလည်း ဘုရားကြီးအား အမှီပြု၍ စီးပွားလုပ်ကိုင်ကြကြောင်းသိရသည်။
“ညီမတို့က ဧည့်သည်တွေကို မိုးရွာရွာ နေပူပူ ထီးလိုက်မိုးပေးတာပါ၊ သူတို့က မုန်ဖိုးပေးရင် မယူပါဘူး အမှတ်တရပစ္စည်းတွေဘဲဝယ်ခိုင်းပါတယ်၊ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတို့ မြန်မာသနပ်ခါးတုံးတို့ အမှတ်တရပစ္စည်းတွေပါ”ဟု ရွှေတိဂုံရင်ပြင်ပေါ်သို့ လာရောက်သော နိုင်ငံခြားဧည့်သည်များအား ထီးလိုက်လံမိုးပေး၍ ဈေးရောင်းချသူ တစ်ဦးမှပြောသည်။
နိုင်ငံခြားသား အများစုသည် မြန်မာ့ရိုးရာ အ၀တ်အစားနှင့် သနပ်ခါးလိမ်းထားခြင်းအား အထူးအဆန်း အဖြစ်နှင့် သဘောကျကာ အမှတ်တရ၀ယ်သွားကြောင်း တာချီလိတ်မြို့သို့ လာရောက်လည်ပတ်ကြသော တရုတ်နိုင်ငံသားများမှာ တရုတ်နိုင်ငံမှ လာအိုနိုင်ငံဖြတ်သန်းလာ၍  ထိုင်း-လာအိုနိုင်ငံအား ဆက်သွယ်ထား သော မဲခေါင်မြစ်ကူးတံတား ချင်းခေါင်တံတားအား ဖြတ်သန်း၍ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှတဆင့် မယ်ဆိုင်မြို့သို့လည်းကောင်း ထို့နောက် တာချီလိတ်သို့လာလည်ခြင်းဖြစ်ကြောင်းသိရသည်။

 Tachileik Online News ( www.tachileik.net  )