ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း(၉၀)သတင်းပို့တိုင် ကြားခြင်းအား internet Online မှတိုင်ကြားနိုင်

ထိုင်းနိုင်ငံအတွင်း ရက်ပေါင်း(၉၀)သတင်းပို့တိုင် ကြားခြင်းအား internet Online မှတိုင်ကြားနိုင်
မတ် 27, 2015
By Tachileik News Agency

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်စစ်ဆေးရေး ဝန်ကြီးဌာနမှ လဝကရဲမှူးကြီး ဝေါရဝတ် အမွန်ဝိဝတ်မှ ထိုင်းနိုင်ငံအတွင်း ယာယီပတ်စ်ပို့ ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများနှင့် နိုင်ငံခြားသား အလုပ်သမားများ အတွက် ရက်ပေါင်း(၉၀) နေထိုင်နိုင်ရေး သတင်းပို့ရန် ကျော်လွန်သူများ အနေဖြင့် အင်တာနက်မှ တဆင့် သတင်းပို့အကြောင်းနိုင်မည့် E-serviceအား ဖွင့်လှစ်ထားရှိပြီဖြစ်ကြောင်း ယနေ့ မတ်လ(၂၆)ရက်နေ့တွင် ထုတ်
ပြန် ပြောကြားလိုက်ကြောင်း သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်/မြို့နယ် အသီးသီးရှိ လဝကရုံးများတွင် လူကိုယ်တိုင်သော်လည်းကောင်း ၊ စာတိုက်မှ သော်လည်းကောင်း အချက်အလက်များအား ပေးပို့ တိုင်ကြားနိုင်ခဲ့ပြီး ယခုအခါမှာ ယခင်ထက် ပိုမိုအဆင်ပြေ ချောမွေ့နိုင်စေရေး နှင့် အာဆီယံ လူမှုအသိုင်းအဝိုင်းမှ ကြိုဆိုနိုင်ရေးအတွက် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ အားလုံးအနေဖြင့် ဧပြီလ(၁)ရက်နေ့မှစ၍ ရက်ပေါင်း(၉၀)နေ
ထိုင်နိုင်ခြင်း ခွင့်ပြုချက်အား တိုင်ကြားနိုင်ရေးအ တွက် အင်တာနက် စာမျက်နှာ (www.immigration.go.th) သို့ ဝင်ရောက်၍ တိုင်ကြားနိုင်ခွင့်ရှိပြီး အသေးစိတ် အချက်အလက် အပြည့်စုံများအား သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်လဝကရုံးများတွင် သွားရောက်စုံစမ်းနိုင်မှာ ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားခဲ့ကြောင်း သိရှိရပါသည် ။

 Tachileik Online News ( www.tachileik.net  )