တာချီလိတ်မြို့လယ် အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှေ့ လမ်းမပေါ်တွင် မေလ(၂၀)ရက်နေ့ ညနေ(၅း၃၀)နာရီဝန်းကျင်အချိန်က ယာဉ်နှစ်စီး မတော်တဆ တိုက်မှုဖြစ်ပွားရာ နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသော်လည်း ယာဉ်တစ်စီးမှာ ယာဉ်ဦးခေါင်းပိုင်း ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - ZN ၊ SMO ၊ LKA
"Honda fit ကတော့ စတားဆိုင်းဘုတ်ဆိုင် လမ်းကြားကနေ ထွက်လာတာ၊ တိုက်ခံရတဲ့ ကားကတော့ ကြီးကြီးမားမား ထိခိုက်မှုတော့ မတွေ့ရဘူး Honda fit ကား ကတော့ ရှေ့ပိုင်း ခေါင်းတစ်ခြမ်း ပျက်စီးသွားတယ်၊ ဘီးတွေလည်း လည်ထွက်သွားတယ်။ နှစ်စီးတိုက်တဲ့အသံက တော်တော်ကို ကျယ်သွားတယ်၊ အကွေ့မှာ အရှိန်ပြင်းသွားတယ်ထင်တာပဲ"ဟု ယာဉ်တိုက်မှု ဖြစ်ပွားရာ နေရာအနီးမှ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ - ZN၊ SMO၊ LKA