၂၀၁၅ ခုနှစ် အစပိုင်းတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှု တားဆီးနှိမ်နင်းရေးအဖြစ် မဟာမဲခေါင်(၄)နိုင်ငံမှ ဖမ်းဆီးသိမ်းဆည်းရမိသော စုစုပေါင်း မူးယစ်ဆေးဝါးများမှာ တန်(၃၀) စိတ်ကြွဆေးပြား တန်ပေါင်း(၃၀)၊ အန်ဖီတမင်း စိတ်ကြွဆေးပြား အပြားသန်း(၃၀၀)ကျော်အား စစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိကြောင်းကို မဟာမဲခေါင်(၄)နိုင်ငံ ပါဝင်သော မဲခေါင်ဒေသ လုံခြုံရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(ONCB)မှ ဖေဖော်ဝါရီ (၁၉)ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်း ထိုင်းနိုင်ငံ The Nation သတင်းဌာနက ဖော်ပြထားသည်။
ထိုင်း၊ တရုတ်၊ လာအိုနှင့် မြန်မာနိုင်ငံပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မူးယစ်ဆေးဝါးတားဆီးရေး လုပ်ငန်းစဉ်တွေမှာ ဇန်န၀ါရီလ (၁၂)ရက်နေ့မှ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ထိ စုစုပေါင်း မူးယစ်မှောင်ခိုကူးသူ (၁၂၈၉)ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား (၉ ၄၄၄ ၄၆၈)ပြား၊ အိုက်စ်(၄၄၀)ကီလိုဂရမ်၊ ဘိန်းဖြူ (၁၈၀)ကီလိုဂရမ် နှင့် ဘိန်းအဆီ (၅၉)ကီလိုဂရမ်တို့ကို ဖမ်းဆီး ရမိကြောင်း SMCC မှအရာရှိ Permpomg Chaovalit မှ ထုတ်ပြန် ပြောကြားခဲ့ကြောင်း သိရသည်။
ယခု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှု စစ်ဆင်ရေးသည် ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပြီး ပထမအကြိမ်ကဲ့သို့ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းမှပြောကြားခဲ့သည်။
မူးယစ်တားဆီးနှိမ်နင်းရေး စီမံချက်(၅)ခုအား တရုတ်နိုင်ငံအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကွမ်းတုံနှင့် ရှဲန်ဟိုင်း မူးယစ်တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့ကြောင်းနှင့် မဲခေါင်ဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု စင်တာမှ ဦးဆောင်၍ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ၊လာအိုနိုင်ငံ BorKaew နှင့် Nam Tha ဒေသ နှင့် ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း နှင့် မယ်ဟောင်ဆောင် ဒေသတို့တွင် နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခို သမားများကို လေးနိုင်ငံ ရဲတပ်ဖွဲ့များပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ သောကြောင့် အောင်မြင်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် တန်ဖိုးငွေ ထိုင်းဘတ်(၆၅)သန်းရှိသော စိတ်ကြွဆေးပြား (၄၄၇၀၅၁)ပြားနှင့် မူးယစ်မှောင်ခိုသူ (၇၇)ဦးအား ထိုင်းနိုင်ငံအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ဇန်န၀ါရီလ (၂၆)ရက်နေ့က စိတ်ကြွဆေးပြား (၂၈၈၀၀၀)ပြားအား ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် ထိုင်းနိုင်ငံ ပရာချွတ်ချီရီခန်ခရိုင် ရထားရဲတပ်ဖွဲ့မှ မူးယစ် စိတ်ကြွဆေးဝါး အပြား(၂၀၀၀၀)နှင့် မူးယစ်မှောင်ခိုကူးသူ Athichai Jantharo အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းသည် ပထမပိုင်းတွင် ငြင်းဆိုခဲ့သော်လည်း ဘန်ကောက်မြို့၊ ဘန်ချူရထားဘူတာတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာ (CCTV)မှတ်တမ်းအရ မူးယစ်ဆေးဝါးအထုပ် (၁၀)ထုပ်၊ အပြား(၂၀၀၀)ကျော်အား လွယ်အိတ်အတွင်းထည့်၍ သယ်ဆောင်သည်ကို တွေ့မြင်ခဲ့ရသည့် အတွက် ၎င်းအနေဖြင့် ငြင်းဆို၍ မရတော့ဘဲ ၀န်ခံလိုက်ရတာဖြစ်ကြောင်းလည်း သိရသည်။
ထိုင်းနိုင်ငံ ပရာချွတ်ချီရီခန်ခရိုင် ရထားရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသော အဆိုပါ မူးယစ် စိတ်ကြွဆေးဝါးနှင့် ဆက်စပ်လျက်ရှိသော မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရှိရသည်။
http://www.nationmultimedia.com/national/Four-nation-taskforce-tackles-Mekong-triangle-drug-30254487.html
ဘာသာပြန် ။ ။ ဇက်(Z)
Ref; The Nation