ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတွင် အများဆုံးအားဖြင့် ရှမ်း၊ အာခါ၊ လားဟူ၊ လီဆူး၊ ဗမာ၊ ပလောင်၊ "၀" စသည့် တိုင်းရင်းသားလူမျိုးတို့ နေထိုင်လျှက် နည်းတူ ကျန်တိုင်းရင်းသားများလည်း အပါအ၀င် နေထိုင်ကြသည်ကို တွေ့ရှိရပါသည်။ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်ခရိုင်တွင်လည်း ထိုနည်းတူပင် တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်လျှက်ရှိသည် ဖြစ်တာကြောင့် တာချီလိတ်ခရိုင်အတွင်း တာချီလိတ်မြို့နယ်အတွင်း ခေတ်မှီဖွံ့ဖြိုးတတ်မှုအတွက် ယခုအခါမှာ တူညီသော စိတ်ဓါတ်များဖြင့် စစ်ဘက်၊ နယ်ဘက်၊ အရပ်ဘက် စသည့် တာဝန်ရှိ ၀ာာဝန်သိသူများက တတ်အားတရွေ့ လူမှုအကျိုးပြု လုပ်ငန်းများ လုပ်ဆောင်နေကြသည်ကိုလည်း တွေ့ရှိရသည်ဖြစ်ပါသည်။
ထိုနည်းတူ လူချင်းစာနာ ဖေးမကူညီဖို့အတွက် ပွင့်လန်းလာသော ပန်းကြာပွင့်များလည်း ဟိုတစ်နေရာ တစ်ပွင့် ဒီနေရာ တစ်ပွင့် နှင့် သူ့အရပ်နှင့် သူ့ဇာတ် လှပတင့်တယ်နေကြသည်မှာလည်း မလွဲဧကန်ပါ။ ထိုပန်းကြာပွင့်များမှာ လူမှုကူညီရေးအသင်း သို့မဟုတ် ပရဟိတအသင်းအဖွဲ့များပင် ဖြစ်ပေတော့သည်။
အမျိုးဘာသာ သာသနာ ကိုယ်သာစောင့်ရှောက်ရာ တရားပွဲဖြစ်မြောက်ရေး
အသင်းမဟုတ် အဖွဲ့မဟုတ်သော အထက်ပါခေါင်းစဉ်နှင့် စုစည်းထားသည့် တရားပွဲမြောက်ရေးသည် တာချီလိတ်မြို့တွင် တရားပွဲများကို လုပ်လေ့လုပ်ထရှိရန်အတွက် စွန့်ဦးကြိုးပမ်းကြသူများလို့ သမုတ်လျှင်ဖြင့် မှားမည်မထင်ပါ၊ အဘယ့်ကြောင့်ဆိုသော်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~