ဆိုင်ကယ်သမားကို သတ်သည့် လူသတ်တရားခံအား ဖမ်းဆီးရမိ၍ ဂုဏ်ပြုစကားဆို

ဆိုင်ကယ်သမားကို သတ်သည့် လူသတ်တရားခံအား ဖမ်းဆီးရမိ၍ ဂုဏ်ပြုစကားဆို
မေ 23, 2014
By Tachileik News Agency

ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မေလ(၁၂)ရက် ညနေပိုင်းက တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိရွာအနီးတွင် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ်အသင်းသား တစ်ဦးဖြစ်သူ ကျောနံပါတ် (၆၄၀) အင်္ကျီကို ၀တ်ဆင်၍ ခရီးသည်များအား ပို့ဆောင်ပေးနေသည့် အသက်(၂၄)နှစ်ရှိ မောင်လှိုင်မင်းထွန်းအား အသက်(၃၈)နှစ်ရှိ ဦးစန်းလွင် မှ ဓါးဖြင့် လည်ပင်အား ထိုးဖောက်၍ သတ်ဖြတ်ကာ အလောင်းအား ချောက်ထဲ၌ ပစ်ချထားခဲ့ပြီး ဆိုင်ကယ်ကို ယူသွားသည့် လူသတ်လုယက်မှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ အဆိုပါ လူသတ်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုဖြစ်ပွားပြီး (၈)ရက်မြောက်နေ့ဖြစ်သည့် မေလ(၂၀)ရက် ညနေပိုင်းတွင် အဆိုပါ တရားခံအား ရှမ်းတောင်းပိုင် ကျိုင်းတောင်းရွာတွင် ရွှေတာချီခရီးသွားလုပ်ငန်း အမှုဆောင်များနှင့် ရဲတပ်ဖွဲ့တို့မှ ပူပေါင်းကာ ဖမ်းဆီးရမိကြောင်း သိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~