ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ
ဇွန် 7, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ အလက(ယန်းလော)ကျောင်းရှေ့တွင် မူးယစ်ဆေးဝါးအရ စောင့်ဆိုင်း ဖမ်းဆီးရမှာ စိတ်ကြွဆေးပြားများကို သယ်ဆောင်လာသူနှင့်အတူ ဇွန်လ(၇)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ ရဲအုပ်သော်ဇင်လင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ နေရာတွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းစဉ် ယန်းလောရွာဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မော်တော်ဆိုင်ကယ်ဖြင့် မောင်းနှင်လာသော အာမဲ(ကျား)အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ ၎င်း၏ ခါးပတ်အိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၂၂၂)ပြားအား တွေ့ရှိရ၍ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို ကျိုင်းတုံမြို့ လွယ်လုံကျေးရွာအုပ်စု၊ ၀မ်ပျဲန်ရွာနေ မမီထူထံမှ  (၁၁၁၀၀၀)ကျပ်ဖြင့် ၀ယ်ယူ၍ ပြန်လာစဉ် ယန်းလောကျောင်းရှေ့ တွင် ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ထွက်ဆိုသည့်အတွက် ရဲတပ်ဖွဲ့မှ ကွင်းဆက်တရားခံအား ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းနေလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများအား လက်ဝယ်တွင် တွေ့ ရှိသူ အာမဲအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၅၅/၂၀၁၇၊ မူး/စိတ် ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~