AMAZING JAPAN TRIP
9 ရက်ခရီးစဉ်
Day 1 : Yangon » Bangkok » Osaka
ညနေ (17.30) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Thai Airway ကောင်တာရှေ့တွင်စုစည်းတွေ့စုံပြီး ရန်ကုန်မြို့ မှ ဘန်ကောက်မြို့သို့ Thai Airway (TG306)(19.45/21.40) လေကြောင်းလိုင်းဖြင့် စတင်ခရီးဆက်ပါမည်။ တဖန် ဘန်ကောက်မြို့မှ အိုဆာကာမြို့သို့ Thai Airway (TG622)(23.30/07.00) လေကြောင်းလိုင်းဖြင့်ခရီးဆက်ပါမည်။
Day 2 : Osaka
အိုဆာကာမြို့သို့ (07.00)အချိန်တွင်ရောက်ရှိပြီး မြို့အထိမ်းအမှတ်ဖြစ်သော Osaka Castle သို့သွားရောက် လှည့်လည် ပါမည်။ Buffet ဖြင့်နေ့လည်စာသုံးဆောင်ပါမည်။ Universal Studio သို့သွားရောက်လှည့်လည် ကစားပါမည်။ ၄င်းကစားကွင်းတွင် အခကြေးငွေ ထပ်မံ ပေးဆောင်ရန်မလိုအပ်ဘဲ လွတ်လပ်စွာကစားနိုင်ပါသည်။ ညနေ (17.00) အချိန်တွင် မိမိအဖွဲ့သားများအားလုံးစုစည်းပြီး Shinsaibashi ဈေးသို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက်အနားယူပါမည်။
အိုဆာကာတွင်တည်းခိုမည့်နေရာ - Osaka Best Western Hotel (or) Similar
Day 3 : Osaka » Nara » Kyoto » Nagoya
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Nara မြို့ဟောင်းသို့ ကားဖြင့်ခရီးဆက်ပါမည်။ ၄င်းတွင် ဂျပန်နိုင်ငံ၏ ရှေးအကျဆုံးနှင့် အကြီးဆုံ Todaiji ဘုရားဆင်းတုတော် အားဖူးမျှော်ပြီး ရွှေသမင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ပါမည်။ ဘုရင်များနန်းတည်ခဲ့သော Kyoto မြို့သို့သွားရောက်ကာ City Tour ဖြင့် Kinkaku-ji, Heian Shrine စသော ဘုရားကျောင်းများသို့ သွားရောက်လှည့်လည်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Kiyomizu သို့သွားရောက်ဖူးမျှော်ပြီး ဘုရားစောင်းတန်းဈေး တလျှောက်တွင် အလွန်ဆွဲဆောင်မှုရှိသော ဂျပန်ရိုးရာပစ္စည်းများနှင့် အစားအစာများကိုအားပါးတရ ဝယ်ယူနိုင်ပါသည်။ Nagoya မြို့သို့ ကားဖြင့်ခရီးဆက်ပါမည်။ Buffet BBQ (Japan Style) ဖြင့်သုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက်အနားယူပါမည်။
နာဂိုရတွင်တည်းခိုမည့်နေရာ - Nagoya Castle Hotel (or) Similar
Day 4 : Nagoya » Kawaguchi
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာကျော် Fujiတောင်သို့ ကျည်ဆံရထားဖြင့်ခရီးဆက်ပါမည်။ Fuji တောင်ခြေ တွင် ဂျပန်ရိုးရာအစားအစာဖြင့် နေ့လည်စာသုံးဆောင်ပါမည်။ Fujiတောင် (၅ထပ်) အထိကားဖြင့်တက်ပြီး တောင်၏အလှ ကိုရှုစားပြီး အမှတ်တရဓာတ်ပုံများရိုက်နိုင်ပါသည်။ Kawaguchi Lake သို့သွားရောက်ပြီး ကန်၏အလှနှင့် တောင်၏အလှကို ပါတွဲဖက်ခံစားနိုင်ပါသည်။ ဟိုတယ်အတွင်းရှိရေပူစမ်းတွင် သဘာဝပတ်ဝန်းကျင်စစ်စစ်ဖြင့်အပန်းဖြေခံစားနိုင်ပါမည်။ မိမိ အဖွဲ့သားများအားလုံး ဂျပန်ရိုးရာဝတ်စုံဖြင့် ဂျပန်ရိုးရာညစာကို ပျော်ရွှင်စွာသုံးဆောင်သုံးဆောင်ပြီး ဟိုတယ်သို့ဝင်ရောက် အနားယူပါမည်။
ကာဝဂူချီတွင်တည်းခိုမည့်နေရာ - Kawaguchiko Park Hotel (or) Similar
Day 5 : Kawaguchi » Tokyo
ဟိုတယ်တွင် ကျေးလက်အစားအစာများဖြင့်နံနက်စာသုံးဆောင်ပါမည်။ မီးတောင်ရှင် Owakudani သို့သွားရောက်လေ့လာ ပါမည်။ Cable Car ဖြင့် Ashi Lake သို့ခရီးဆက်ပါမည်။ Ashi Lake တွင်အပျော်သင်္ဘောစီးနင်းပြီး အမျိုးသားဥယျာဉ်အလှ ကိုရှုစားနိုင်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Tokyo မြို့သို့ခရီး ဆက်ပြီး ညစာသုံးဆောင်ပါမည်။ ဟိုတယ်သို့ ဝင်ရောက်အနားယူပါမည်။
တိုကျိုတွင်တည်းခိုမည့်နေရာ - Tokyo Sunshine City Prince Hotel (or) Similar
Day 6 : Tokyo
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tokyo မြို့အလှကိုလှည့်လည်ကြည့်ရှုပါမည်။ Tokyo Tower သို့တက်ပြီး တစ်မြို့လုံးအလှကိုရှုစားပြီး တန်ခိုးကြီးဘုရားကျောင်း Asakusa သို့သွားရောက်ဖူးမျှော်ပါမည်။ ဘုရင်းစောင်းတန်းဈေး တလျှောက်တွင် အမှတ်တရ ဂျပန်ရိုးရာပစ္စည်းများဝယ်ယူနိုင်ပါသည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Akihabara လျှပ်စစ် ပစ္စည်းဈေးသို့ ဈေးဝယ်နိုင်ရန်အတွက် ပို့ဆောင်ပေးပါမည်။ Imperial Palace အပြင်တွင် အမှတ်တရဓာတ်ပုံရိုက်ပါမည်။ ကမ္ဘာတန်ဖိုး အကြီးဆုံးမြေနေရာ Ginza ရပ်ကွက်သို့သွားရောက်လေ့လာပြီး Ginza တွင် ဂျပန် BBQ ဖြင့်ညစာသုံးဆောင်ပါ မည်။ ဟိုတယ်သို့ဝင်ရောက် အနားယူပါမည်။
တိုကျိုတွင်တည်းခိုမည့်နေရာ - Tokyo Sunshine City Prince Hotel (or) Similar
Day 7 : Tokyo
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Odaiba မြို့သစ်သို့ သွားရောက်လည်ပတ်ပြီး ၄င်းဈေးတွင် လွတ်လပ်စွာ ဈေးဝယ်နိုင်ပါသည်။ Rainbow Bridge သို့သွားရောက်၍ အမှတ်တရဓာတ်ပုံရိုက်ပြီး နေ့လည်စာသုံးဆောင်ပါမည်။ ဈေးဝယ်ယူနိုင် ရန်အတွက် Shinjuku အရပ်သို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက် အနားယူပါမည်။
တိုကျိုတွင်တည်းခိုမည့်နေရာ - Tokyo Sunshine City Prince Hotel (or) Similar
Day 8 : Tokyo
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Tokyo Disney Land သို့ခရီးဆက်ပါမည်။ ၄င်းကစားကွင်းတွင် အခကြေးငွေ ထပ်မံပေးဆောင်ရန်မလိုအပ်ဘဲ လွတ်လပ်စွာကစားနိုင်ပါသည်။ (၄င်းနေ့တွင် နေ့လည်စာ မပါဝင်ပါ)။ ညနေ (18.00) အချိန်တွင် မိမိအဖွဲ့သားများ အားလုံးစုစည်းပြီး ညစာသွားရောက်သုံးဆောင်ပါမည်။ Haneda လေဆိပ်သို့ခရီးဆက်ပါမည်။
Day 9 : Haneda » Bangkok » Yangon
ဟန်နီဒမှ ဘန်ကောက်မြို့သို့ Thai Airway (TG661)(00.20/04.50) လေကြောင်းလိုင်းဖြင့် စတင်ခရီးဆက်ပါမည်။ တဖန် ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ Thai Airway (TG303)(07.55/08.50) လေကြောင်းလိုင်းဖြင့်ခရီးဆက်ပါမည်။
ခရီးစဉ် ဝန်ဆောင်ခ နှုန်းထား တစ်ဦးလျှင် 3,100 ဒေါ်လာ (1/8/2014 – 30/9/2014)
ခရီးစဉ် ဝန်ဆောင်ခ နှုန်းထား တစ်ဦးလျှင် 3,250 ဒေါ်လာ (1/10/2014 – 15/11/2014)
ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ
၁။ လေယာဉ်လက်မှတ် (ရန်ကုန် - ဘန်ကောက် - ဂျပန် - ဘန်ကောက် - ရန်ကုန်)။
၂။ ခရီးစဉ်တွင်သတ်မှတ်ထားသောဝင်ကြေးများ။
၃။ ခရီးစဉ်တစ်လျှောက် လေအေးပေးမော်တော်ယာဉ် အကြို၊ အပို့။
၎။ ဟိုတယ်ခ။
၅။ ပြည်ဝင်ခွင့် ဗီဇာ ဝန်ဆောင်မှုများ။
ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ
၁။ ခရီးစဉ်တွင်သတ်မှတ်ထားသော ဝင်ကြေးအပြင် အခြားဝင်ကြေးများ။
၂။ ခရီးစဉ်တွင်သတ်မှတ်ထားသော အစားအသောက်များအပြင် အခြားအစားအသောက်များ။
၃။ ဟိုတယ်တွင်သုံးစွဲသော ဖုန်းသုံးစွဲခ၊ အဝတ်လျှော်ခ၊ Mini Bar သုံးစွဲခများ။
၎။ လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်မှုများ။
၅။ ယာဉ်မောင်းနှင့်ဧည့်လမ်းညွှန်အတွက် Tip Money တစ်နေ့ (၃)ဒေါ်လာ။
မှတ်ချက်။ ။ မိမိနိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး(၆)လကျန်ရှိရပါမည်။
ခရီးမစတင်မှီ (၁)လ အလိုတွင် ဝန်ဆောင်မှုစာရိတ် (၃၀%) ပေးဆောင်ရပါမည်။ ခရီးမစတင်မှီ (၁၀)ရက်
အလိုတွင် ဝန်ဆောင်မှုစာရိတ် (၁၀၀%) ပေးဆောင်ရပါမည်။
ဗီဇာတောင်းခံရန်အတွက် (၁၄) ရက်ခန့်ကြာမြှင့်ပါမည်။ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မူရင်းပြရပါမည်။
မိမိပိုင်ဆိုင်မှု အနည်းဆုံး (၂)ခု မူရင်းပြသရပါမည်။
(ဥပမာ- ထိုင်း/မြန်မာဘဏ်စာအုပ်ငွေပမာဏ သိန်း(၁၀၀)၊ လုပ်ငန်းလိုင်စင်)
အိမ်ထောင်စုစာရင်းတူပါက တစ်ဦးတည်းပြနိုင်ပါသည်။
..............................
******************
ကူမင် - ပီကင်း - စူးကျိုး - ဟန်ကျိုး - ရှန်ဟိုင်း - ဝူစည်
10 ရက်ခရီးစဉ်
၁ ရက် ။ ။ ရန်ကုန် - ကူမင် - ပီကင်း (Morning Flight)
ရန်ကုန်မြို့မှ ကူမင်မြို့သို့ Eastern China လေကြောင်းလိုင်းဖြင့် စတင်ပျံသန်းပါမည်။ တဖန် ကူမင်မြို့မှ ပီကင်းမြို့သို့ Eastern China လေကြောင်းလိုင်းဖြင်ပျံသန်းပါမည်။ ပီကင်းမြို့သို့ ရောက်ရှိပြီး ဟိုတယ်သို့ ဝင်ရောက်အနားယူ အပန်းဖြေပါမည်။
ပီကင်းတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၂ ရက် ။ ။ ပီကင်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့အကြီးဆုံးနန်းတော်ကြီးကိုသွားရောက်လည်ပတ်ရင်း ရှေးဗိသုကာ လက်ရာ ဖြင့်တည်ဆောက်ထားသော အဆောက်အဦးပေါင်း (၉၀၀)ကိုတွေ့မြင်ရလိမ့်မည်။ ဆက်လက်ပြီး ကမ္ဘာ့ဧရိယာအကျယ်ဆုံး ထျန်အန်းမင် ရပ်ပြင်တော်ကြီးသို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ရှေးဘုရင်များ၏ မိုးနတ်မင်းကို ပူဇော်ကန်တော့သောနေရာဖြစ်သည့် ထျန်ထန် စေတီတော်ကို ဖူးမျှော်ပါမည်။ ကမ္ဘာ့အံ့ဖွယ် (၇)ခု တွင် ပါဝင်သော Great Wall သို့သွားရောက်လေ့လာလည်ပတ်ပါမည်။ ဈေးဝယ်ရန် အတွက် ဝမ်ဖူကျင်း ဈေးသို့ ပို့ဆောင်ပေးပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက် အနားယူအပန်းဖြေပါမည်။
ပီကင်းတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၃ ရက် ။။ ပီကင်း
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ အထွက်အမြတ်ထားသော မြတ်စွာဘုရား စွယ်တော်မြတ်အစစ် ဌာပနာထားသော စေတီတိုက်ကိုသွားရောက်ဖူးမျှော်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Summer Palace ဥယျာဉ်သို့ သွားရောက်လည်ပတ်ပါပြီး ပန်းခြံ၊ ရေအိုင်၊ အဆောက်အဦး၊ ဘုရားကျောင်း၊တံတား၊ စောင်းတန်းများ ၏ လှပသောမြင်ကွင်းများကို ရှုစားနိုင်ပါမည်။ ပုလဲမွေးမြူရေးစီမံကိန်း၊ ကျောက်စိမ်းအရောင်း ပြခန်းသို့ သွားရောက်လေ့လာပါမည်။ ညစာ သုံးဆောင်ပြီးနောက် အိုလံပစ် အားကစားပွဲ ကျင်းပခဲ့သော အားကစားရုံသို့ သွားရောက်လေ့လာပါမည်။ ဟိုတယ်သို့ဝင်ရောက်အနားယူအပန်းဖြေပါမည်။
ပီကင်းတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၎ ရက် ။ ။ ပီကင်း - ဝူစည်
ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် အမ္ဘာ့ အမြန်ဆုံး ကျည်ဆံရထားဖြင့် ဝူစည်မြို့သို့ ထွက်ခွာပါမည်။ စန်းကော်ရုပ်ရှင်ရိုက်ကွင်းကြီးကို သွားရောက်လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက်အနားယူ အပန်းဖြေပါမည်။
ဝူစည်တွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၅ ရက် ။ ။ ဝူစည် - စူကျိုး
နံနက်စာသုံးဆောင်ပြီးနောက် ဆက်လက်ပြီး ကမ္ဘာပေါ်တွင် ဥာဏ်တော်အမြင့်ဆုံး ကြေးသွန်းဘုရားကြီးကို သွားရောက်ဖူးမျှော်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် မြို့၏အထင်ကရဖြစ်သော လျှိုယွမ်အိမ်တော်ရာကြီးကို ဝင်ရောက်လေ့လာပြီး ရှေးသူကြွယ်များ ၏ နေထိုင်စားသောက်ပုံကို ထင်ရှားစွာ တွေ့မြင်နိုင်ပါမည်။ ဟန်စန်းစီဘုရားကျောင်း သို့သွားရောက်ဖူးမျှော်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ ၀င်ရောက်အနားယူ အပန်းဖြေပါမည်။
စူးကျိုးတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၆ ရက် ။ ။ စူးကျိုး - ဟန်ကျိုး
နံနက်စာသုံးဆောင်ပြီးနောက် စီဟူရေအိုင်ကြီးတွင် အပျော်စီးသင်္ဘောဖြင့် လည်ပတ်ပါမည်။ နာမည်ကျော်ကြားသော လင်ယင်စီ၊ ဖှေးလိုက်ဖုန်ဘုရားကျောင်းကြီးကို သွားရောက်ဖူးမျှော်ပါမည်။ ဆက်လက်ပြီး တရုတ်ရဟန္တာအပါး ၅၀၀ ကျောင်းဆောင်ကြီးကိုလည်း ဝင်ရောက်ဆည်းပူးပါမည်။ နာမည်ကြီးတော်ဝင် လက်ဖက်ခြံသို့ သွားရောက်လေ့လာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက်အနားယူအပန်းဖြေပါမည်။
ဟန်ကျိုးတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၇ ရက် ။ ။ ဟန်ကျိုး - ရှန်ဟိုင်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ရှန်ဟိုင်းမြို့သို့ ကားဖြင့်ထွက်ခွာပါမည်။ ရှန်ဟိုင်းမြို့သို့ရောက်ရှိပြီး ချိန်ဟွမ်မျှော်မြို့ဟောင်းကြီးတွင် ဈေးဝယ်နိုင်ရန်အတွက် ပို့ဆောင်ပေးပါမည်။ Oriental Pearl Tower ပေါ်မှ ရှန်ဟိုင်းမြို့ အလှကို ကြည့်ရှုပြီး နေ့လည်စာသုံးဆောင်ပါမည်။ ဆက်လက်ပြီး ရှန်ဟိုင်းမြို့ပြ သရုပ်ဖော်ထားသော ပြတိုက်နှင့် ဖယောင်းရုပ်ထုပြတိုက် သို့ဝင်ရောက်လေ့လာပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက်အနားယူအပန်းဖြေ ပါမည်။
ရှန်ဟိုင်းတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၈ ရက် ။ ။ ရှန်ဟိုင်း
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဖယောင်းရုပ်ထုပြတိုက်၊ ပိုးထည်စက်ရုံ၊ 2010 Shanhai Expo ဥယျာဉ်ကြီးကို သွားရောက်လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဈေးဝယ်နိုင်ရန်အတွက် ဈေးတန်းကြီးသို့ ပို့ဆောင်ပေးပါမည်။ လေဆာမီးဆလိုက်ပြပွဲသို့ သွားရောက်ကြည့်ရှုပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက်အနားယူအပန်းဖြေ ပါမည်။
ရှန်ဟိုင်းတွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၉ ရက် ။ ။ ရှန်ဟိုင်း - ကူမင်
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကူမင်မြို့သို့ Eastern China လေကြောင်းလိုင်းဖြင့် ပြန်လည်ပျံသန်းပါမည်။ မြို့၏ အထင်ကရဖြစ်သော ကျောက်ဆောင်ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဟိုတယ်သို့ဝင်ရောက်အနားယူအပန်းဖြေ ပါမည်။
ကူမင်တွင်တည်းခိုမည့်နေရာ - ------------ ဟိုတယ်
၁၀ ရက် ။ ။ ကူမင် - ရန်ကုန်
ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကူမင်မြို့နာမည်ကြီးသော ပန်းဈေးကြီးကို ဝင်ရောက်လေ့လာပြီး ရန်ကုန်မြို့သို့ Eastern China လေကြောင်းလိုင်းဖြင့် ပြန်လည်ပျံသန်းပါမည်။ ရန်ကုန်မြို့သို့အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။
ခရီးစဉ် ဝန်ဆောင်ခ နှုန်းထား တစ်ဦးလျှင် ( 22 သိန်း ) ကျပ်
**********************
ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ
၁။ လေယာဉ်လက်မှတ် (ရန်ကုန် - ကူမင် - ပီကင်း - ရန်ကုန်)။
၂။ ခရီးစဉ်တွင်သတ်မှတ်ထားသောဝင်ကြေးများ။
၃။ ကျည်ဆံရထားခ။
၎။ ခရီးစဉ်တစ်လျှောက် လေအေးပေးမော်တော်ယာဉ် အကြို၊ အပို့။
၅။ ကြယ်(၄)ပွင့် အဆင့် ဟိုတယ်ခ။
၆။ ပြည်ဝင်ခွင့် ဗီဇာ ဝန်ဆောင်မှုများ။
ခရီးစဉ်တွင်မပါဝင်သောဝန်ဆောင်မှုများ
၁။ ခရီးစဉ်တွင်သတ်မှတ်ထားသော ဝင်ကြေးအပြင် အခြားဝင်ကြေးများ။
၂။ ခရီးစဉ်တွင်သတ်မှတ်ထားသော အစားအသောက်များအပြင် အခြားအစားအသောက်များ။
၃။ ဟိုတယ်တွင်သုံးစွဲသော ဖုန်းသုံးစွဲခ၊ အဝတ်လျှော်ခ၊ Mini Bar သုံးစွဲခများ။
၎။ လေယာဉ်အတွက် ဝန်ပိုသယ်ဆောင်မှုများ။
၅။ ယာဉ်မောင်းနှင့်ဧည့်လမ်းညွှန်အတွက် Tip Money တစ်နေ့လျှင် (၃)ဒေါ်လာ။
မှတ်ချက်။ ။ မိမိနိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး(၆)လကျန်ရှိရပါမည်။
ခရီးမစတင်မှီ (၁)လ အလိုတွင် ဝန်ဆောင်မှုစာရိတ် (၃၀%) ပေးဆောင်ရပါမည်။ ခရီးမစတင်မှီ (၁၅)ရက်
အလိုတွင် ဝန်ဆောင်မှုစာရိတ် (၁၀၀%) ပေးဆောင်ရပါမည်။
ဗီဇာတောင်းခံရန်အတွက် (၁၄) ရက်ခန့်ကြာမြှင့်ပါမည်။ အိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင်မူရင်းပြရပါမည်။
ဟိုတယ်တွင် တစ်ခန်းလျှင် (၂)ဦးနားနေရန် စီစဉ်ပေးထားပါသည်။ တစ်ဦးတည်းသီးသန့်နားနေပါက ( ကျပ်) ထပ်မံပေးဆောင်ရပါမည်။
ရာသီဥတု၊ ပွဲတော်ကြီး၊ ရက်ကြီးအခါကြီးရုံးပိတ်ရက်ပေါ်မူတည်ပြီး ခရီးစဉ်ပြောင်းလည်းနိုင်ပါသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~