Geneva Declaration on Internet Freedom

Geneva Declaration on Internet Freedom
နိုဝင်ဘာ 17, 2014
By Tachileik News Agency

အင်တာနက်လွတ်လပ်ခွင့်ဆိုင်ရာ ဂျီနီဗျာကြေငြာစာတမ်း (Geneva Declaration on Internet Freedom)
၂၀၁၀ ခုနှစ်၊ မတ်လ (၉)ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗားမြို့တွင် ပြဌာန်းခဲ့သည်။

အပိုဒ်(၁) လူတိုင်း လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု၊ နေရာဒေသဆိုင်ရာ ခွဲခြားမှုမရှိဘဲ အင်တာနက်အား တူညီစွာအသုံးချပိုင်ခွင့်ရှိသည်။
အပိုဒ်(၂) ။ ။ လူတိုင်း အင်တာနက်ဖြင့် ခွဲခြားဆက်ဆံမှုမရှိဘဲ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားပိုင်ခွင့်နှင့် သတင်းအချက်အလက်များ မျှဝေပိုင်ခွင့်ရှိသည်။
အပိုဒ်(၃) ။ ။ လူတိုင်း အင်တာနက်အား ခွဲခြားမှုမရှိဘဲ လွတ်လပ်ပွင့်လင်းစွာ အသုံးချပိုင်ခွင့်ရှိသည်။
အပိုဒ်(၄) ။ ။ လူတိုင်း မိမိ၏ အတတ်ပညာပိုင်ဆိုင်မှုအား ထိန်းသိမ်းကာကွယ်ပိုင်ခွင့်ရှိပြီး ထိန်းချုပ်ခြင်း၊ သိမ်းဆီးခြင်းမှကင်းလွတ်နေရမည်။
အပိုဒ်(၅) ။ ။ လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအား အစိုးရမှထိန်းချုပ်တားဆီးခြင်းအား ကာကွယ်ပိုင်ခွင့်ရှိသည်။
အပိုဒ်(၆) ။ ။ လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကာကွယ်ရန်အလို့ငှါ အမည်ဝှက်ပေးပိုင်ခွင့်ရှိသည်။
အပိုဒ်(၇) ။ ။ လူတိုင်း ကိုယ်ရေးကိုယ်တာအချက်အလက်များအား ကာကွယ်ရန်အလို့ငှါ ၀ှက်စာသုံးခြင်း၊ ပြောင်းလဲပြင်ဆင်ခြင်းများပြုလုပ်နိုင်သည်။
အပိုဒ်(၈) ။ ။ လူ့အခွင့်အရေးချိုးဖေါက်ရန် ရည်ရွယ်၍ အင်တာနက်အသုံးပြုခြင်းနှင့် အင်တာနက် ဆက်သွယ်ရေးများအား ကန့်သတ်ထိန်းချုပ်နိုင်သော နည်းပညာ(Technology)၊ အသုံးပြုပစ္စည်း(Equipments)၊ ဆော့ဝဲများအား တင်ပို့ရောင်းချခြင်းများ လုံးဝမပြုလုပ်ရ။
အပိုဒ်(၉) ။ ။ အင်တာနက်လိုင်းဖြန့်ဖြူးရောင်းချသော ကုမ္ပဏီများမှ အသုံးပြုသူ(User)များ၏ ကိုယ်ရေးအချက်အလက်များအား လုံခြုံစိတ်ချစေရန်တာဝန်ခံပြီး အစိုးရများနှင့် အခြားမည်သည့်အဖွဲ့အစည်းကိုမျှ အသုံးပြုသူ(User)၏သဘောတူညီချက်မပါရှိဘဲ ပေးပို့ခြင်းမပြုလုပ်ရ။
အပိုဒ်(၁၀) ။ ။ အင်တာနက်အား ကန့်သတ်တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဆင်ဆာပြုလုပ်ခြင်းမရှိဘဲ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ရမည်။
အပိုဒ်(၁၁) ။ ။ အင်တာနက် လွတ်လပ်ခွင့်ကြေငြာစာတမ်းပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်းပါ အခွင့်အရေးနှင့်လွတ်လပ်ခွင့်ကို ထိခိုက်ပျက်စီစေသော အချက်များမပါဝင်သဖြင့်လူ့အဖွဲ့အစည်းအတွင်း တာဝန်ယူမှုတာဝန်ခံမှုပြုရမည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~