ထိုင်းနိုင်ငံတွင် Mobile Phone အသုံးပြုသူ သန်း(၉၀)အား ဖေဖေါ်ဝါရီလ (၁)ရက်နေ့မှ စတင်၍ Mobile SIM ကတ်များအား ဇူလိုင်လ (၃၁)ရက်နေ့နောက်ဆုံးထားကာ မှတ်ပုံတင်၍
အသုံးပြုရမည်ဟု ထိုင်းနိုင်ငံ အမျိုးသား တယ်လီဖုန်းဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွင့်ခြင်းဆိုင်ရာ ကော်မရှင်(NBTC)မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
Mobile SIM ကတ်တွေကို ဖေဖေါ်ဝါရီလ(၁)ရက်နေ့က စပြီး ခွန်ထိုင်းဘဏ်၊ စူပါမာကက်၊ Tesco Lotus၊ Big C နှင့် 7-Eleven တို့မှာ စတင် မှတ်ပုံတင်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ
အစိုးရ ဆက်သွယ်ရေးတာဝန်ရှိ Tha korn Tanthasit မှ အသိပေး ပြောကြားထားသည်။
Mobille Phone အသုံးပြုသူတွေကို မှတ်ပုံတင်ရန် အချိန်(၆)လပေးထားပြီး မှတ်ပုံတင်ခြင်း မပြုရင်တော့ Mobile အော်ပရေတာမှ အသုံးပြုသော SIM ကတ်အား
ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း Mobile ဖုန်း နှင့် ဖုန်းကတ်များအား အသုံးပြု၍ ဖေါက်ခွဲခြင်း ကိစ္စရပ်များတွင် အသုံးပြုလာကြသည့်အတွက် ကြိုတင်ဟန့်တားနိုင်ရန်အတွက် ယခုလို မှတ်ပုံတင်
သို့မဟုတ် အလုပ်သမား မှတ်ပုံတင် သို့မဟုတ် ပတ်စပိုစ့် တို့ဖြင့် မှတ်ပုံတင်ထားရမည်ဟုသိရသည်။
ထိုင်းနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာ ဥပဒေကတော့ ချမှာပြီးစီးတာကြာပြီဖြစ်ကြောင်း သို့သော် ဥပဒေအား အသက်ဝင်အောင် တိတိကျကျ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့်
Mobile ဖုန်းအသုံးပြုသူ သန်း(၉၀)ထက်ပိုမိုကျော်လွန်နေခြင်းကြောင့် ဖြစ်သည်ဟု ထိုင်းဆက်သွယ်ရေး တာဝန်ရှိသူ PrawitLeesathaPornwongsa မှပြောသည်။
ဥပဒေအရ ဖုန်းနံပါတ်အသစ်များနှင့် အသုံးပြုလျှက်ရှိသော ဖုန်းနံပါတ်များပါ မှတ်ပုံတင်ခြင်းပြုလုပ်ရမည်ဖြစ်ပြီး ထိုကိစ္စများအာ ဖုန်ဆက်သွယ်ရေးဌာနများမှ လှစ်လျှူရှုထားကြောင်း
၎င်းမှဆက်လက်ပြောသည်။
ဖုန်းအသုံးပြုသူမျာအား လွယ်ကူစွာမှတ်ပုံတင်နိုင်အောင်စီမံဆောင်ရွက်ထားပြီး မှတ်ပုံတင်ခြင်းလုံးဝမပြုလုပ်တဲ့ ဖုန်းနံပါတ်များကိုတော့ ငွေဖြည့်ကဒ်
ထပ်မံဖြည့်သွင်းခွင့်ပြုတော့မှာမဟုတ်ဘူးလို့ပြောပါတယ်။