ျပည္သူ႔စစ္အဖြဲ႔မ်ားအတြက္ ေငြေၾကးေကာက္ခံျခင္းမွာ ဥပေဒႏွင့္မညီသည့္အတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္အတြင္းမွ ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား အေနျဖင့္ ဆက္လက္ လုပ္ေဆာင္ျခင္း မျပဳရန္ႏွင့္ ဥပေဒအား သိရိွေၾကာင္း လက္မွတ္ေရးထုိးျခင္း လုပ္ေဆာင္ထားေၾကာင္း သိရသည္။
“ဥပေဒအရ ဒါသည္ ေကာက္ခံလို႔ မရတဲ့အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြ အေနနဲ႔ ျပည္သူ႔စစ္ အတြက္ ေငြေၾကးေကာက္ခံျခင္းဟာ ဥပေဒအရ ေကာက္ခံလို႔ မရပါဘူး။ ဒါေၾကာင့္ သက္ဆုိင္ရာ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးေတြ အေနနဲ႔ ေကာက္ခံ မေပးဖို႔အတြက္ဆိုတာ အရင္ကလည္း သတိေပးထားၿပီး ျဖစ္ပါတယ္။ ဒါေပမယ့္ မရပ္ေသးဘဲ ဆက္လက္ ေကာက္ခံေနတာေတြကို ေျမျပင္ အေျခအေနမွာ ေတြ႔ေနရတဲ့ အတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက တစ္ဆင့္ သက္ဆုိင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြ အေနနဲ႔ ဒီလိုေတြ ေကာက္ခံခြင့္ မရိွဘူးဆိုတာ သိရိွေၾကာင္း လက္မွတ္ေရးထုိး ခိုင္းထားတာပါ။ ျပည္သူ႔စစ္အဖြဲ႕ အေရအတြက္၊ အင္အားကေတာ့ တပ္ကပဲ သိမွာပါ”ဟု တာခ်ီလိတ္ခရိုင္ စီမံခန္႔ခြဲေရးေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။
တာခ်ီလိတ္ခရိုင္အတြင္း ရပ္ကြက္၊ ေက်းရြာမ်ားတြင္ ျပည္သူ႔စစ္အဖြဲ႕ႏွင့္ ရပ္ကြက္အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက လံုၿခံဳေရး တာဝန္ယူေပးရန္ ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးမ်ားက ရပ္ကြက္၊ ေက်းရြာမ်ားတြင္ ေငြေၾကး ေကာက္ခံၿပီး လစာေပးသည့္ စနစ္ကို က်င့္သံုးေနသျဖင့္ အဆိုပါ လုပ္ရပ္မွာ ျပည္သူ႔စစ္မ်ား အတြက္ ျပဌာန္းထားသည့္ ဥပေဒအရ လည္းေကာင္း၊ ရပ္/ေက်းအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား လုိက္နာရမည့္ လုပ္ထံုးလုပ္နည္း ဥပေဒမ်ားအရလည္းေကာင္း ကိုက္ညီမႈမရိွသျဖင့္ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးဌာနက ၂၀၁၇ ခုႏွစ္ ၾသဂုတ္လ (၇)ရက္ေန႔တြင္ စာထုတ္ျပန္သတိေပးလုိက္ၿပီး သက္ဆုိင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမ်ားမွတစ္ဆင့္ အသိေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။
“ကၽြန္ေတာ္တုိ႔ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးဥပေဒမွာ ျပည္သူဆီက မေကာက္ရဘူးဆိုတာ ရိွပါတယ္။ အဲဒီ ေကာက္တာကလည္း ဒီလူေတြကို လစာေပးဖို႔ ေကာက္ေနတာေပါ့ေနာ္။ ဒါေတြကို ဆက္ၿပီးမလုပ္ဖို႔ဆိုၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေခၚၿပီးလက္မွတ္ထိုးခုိင္းတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ခုတြင္ ရပ္ကြက္အလိုက္ ညပိုင္း လံုၿခံဳေရးအတြက္ ျပည္သူ႔စစ္ အဖြဲ႕ဝင္မ်ားႏွင့္ ရပ္ကြက္အရန္ မီးသတ္တပ္ဖြဲ႕ဝင္မ်ား၏ အကူအညီရယူရန္ ရပ္ကြက္အတြင္း လစဥ္ တစ္အိမ္လွ်င္ ဘတ္ (၂၀)မွ ဘတ္ (၅၀)အထိ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားက ယခင္ႏွစ္ကာလမ်ား ကတည္းက ေကာက္ခံလာျခင္းျဖစ္ေၾကာင္း သိရသည္။
“ညဆို (၇) နာရီကစၿပီး လံုၿခံဳေရးယူတယ္။ ျပည္သူ႔စစ္ (၁၀)ေယာက္၊ မီးသတ္ (၅)ေယာက္ ရံုးမွာ ေနေပးတယ္။ အလွည့္က်ေပါ့။ မႈခင္းတစ္ခုျဖစ္တယ္ဆိုရင္ ရဲကိုဖုန္းဆက္တယ္ေပါ့။ ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္နဲ႔ ေက်းရြာအုပ္စုေတြ အားလံုးမွာ ဒီလိုပဲ လုပ္တယ္။ ေက်းရြာအုပ္စုေတြမွာ ပိုမ်ားတယ္။ ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ရပ္ကြက္လံုးမွာေတာ့ ျပည္သူ႔စစ္ (၁၁)ဖြဲ႕ရိွတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္းဝင္းက ေျပာသည္။
လက္ရိွတြင္ ရပ္ကြက္မ်ား အလုိက္ ရဲတပ္ဖြဲ႕၏ လံုၿခံဳေရးလွည့္ကင္းမ်ား လုပ္ေဆာင္မႈႏွင့္ပတ္သက္၍ ေတြ႕ဆံု ေဆြးေႏြးလိုေၾကာင္း ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံ တင္ျပထားေၾကာင္း သိရသည္။
“ျပည္သူ႔စစ္ေတြ ရပ္ကြက္ေတြမွာ ကင္းလွည့္ေဆာင္ရြက္တယ္ဆိုတာေတာ့ ရဲတပ္ဖြဲ႕နဲ႔ သီးျခားတစ္လိုင္းစီ ျဖစ္ပါတယ္။ နယ္ေျမခံအတြက္ သူတို႔လုပ္တာေတြရိွတယ္။ ဒါေပမယ့္ ျပည္သူ႔စစ္ေတြနဲ႔ ပတ္သက္လို႔ သူတို႔ ဘာလုပ္ပါဆိုၿပီး ကၽြန္ေတာ္တို႔ အေနနဲ႔ ညႊန္ၾကားခ်က္ေပးတာမ်ိဳး မရိွဘူး။ ကၽြန္ေတာ္တို႔အေနနဲ႔ကေတာ့ ကင္းလွည့္ ေဆာင္ရြက္မႈမွာ မီးတန္းယာဥ္ (၅)စီးနဲ႔ သတင္းပို႔ၿပီး (၅)မိနစ္အတြင္း အေရာက္ သြားႏုိင္ေအာင္ဆိုၿပီး ၿမိဳ႕တြင္း (၅)ေနရာမွာ လွည့္ကင္း၊ ပတ္ကင္းေတြ ထားထားတယ္။ တကယ္လို႔ သတင္းေပးခ်င္တယ္။ ေနာက္တစ္ခုက ေဒသအေလ့အထအရ ရဲစခန္းကို သတင္းေပးဖို႔ ခက္ခဲတယ္ဆိုရင္ မီးတန္းယာဥ္ေတြရိွရာမွာ အရာရိွေတြလည္းရိွေနၿပီးု မည္သူမဆို သတင္းေပးႏုိင္ဖို႔ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ထားပါတယ္။ လွည့္ကင္း၊ ပတ္ကင္းေတြလည္း တစ္နာရီျခားလွည့္ၿပီး ေဆာင္ရြက္ ေပးေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕အတြက္ လံုၿခံဳေရးေဆာင္ရြက္မႈအေျခအေနကို တာခ်ီလိတ္ခရိုင္ ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္းက ေျပာသည္။
နယ္စပ္ေဒသျဖစ္သည့္ တာခ်ီလိတ္ခရိုင္တြင္ ရဲတပ္ဖြဲ႕အေနျဖင့္ ေဒသခံမ်ားျဖစ္သည့္ ျပည္သူ႔စစ္အပါအဝင္ ျပည္သူမ်ား၏ ပူးေပါင္းေဆာင္ရြက္မႈမွာ မႈခင္းမ်ား ေဖာ္ထုတ္ေရးအတြက္ အေရးပါသည္ဟု ၎က ဆိုသည္။
“ကၽြန္ေတာ္တို႔ မႈခင္းေတြ ေဖာ္ထုတ္ရာမွာ ျပည္သူပါဝင္မႈက အေရးႀကီးပါတယ္။ ဒါေၾကာင့္ ျပည္သူ႔စစ္ပဲျဖစ္ျဖစ္ နဂိုကတည္းက ျပည္သူေတြကိုယ္စားျပဳ ရပ္တည္တဲ့အဖြဲ႕ျဖစ္တဲ့အတြက္ ျပည္သူက ပူးေပါင္းေဆာင္ရြက္တယ္ ဆိုရင္ ကၽြန္ေတာ္တို႔ ရဲတပ္ဖြဲ႕အတြက္က အင္အားတစ္ခုပါပဲ။ လက္နက္ ကိုင္ေဆာင္ျခင္း၊ မကိုင္ေဆာင္ျခင္း ဆိုတာကေတာ့ ဒါက တပ္မေတာ္ရဲ႕ လက္နက္ကိစၥျဖစ္တဲ့အတြက္ ကာကြယ္ေရးရဲ႕ အရန္အင္အားျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အတြက္ကေတာ့ ျပည္သူ႔စစ္ ပူးေပါင္းပါဝင္မႈရိွရင္ ရဲလုပ္ငန္းကေတာ့ ေအာင္ျမင္မႈရိွပါတယ္။ ကၽြန္ေတာ္တို႔ ဒီနယ္စပ္ေဒသ အတြက္ေပါ့ေနာ္”ဟု တာခ်ီလိတ္ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုတိယရဲမွဴးႀကီး ထိန္ဝင္းက ေျပာသည္။
ျပည္သူ႔စစ္အဖြဲ႕မ်ားသည္ လခခံစားခြင့္ မရိွဘဲ ၎တို႔၏ လုပ္ေဆာင္မႈကို တပ္မေတာ္က ႀကီးၾကပ္ ေစာင့္ၾကည့္ကာ သတ္မွတ္ထားေသာ ေဒသမွလြဲ၍ အျခားေဒသသို႔ သြားလာ ကင္းလွည့္ခြင့္ႏွင့္ လက္နက္ႀကီး သံုးစြဲျခင္းတို႔ကို ခြင့္ျပဳထားျခင္း မရိွေၾကာင္း သိရသည္။
အဆိုပါ အဖြဲ႕မ်ားသည္ နယ္ျခားေစာင့္တပ္ကဲ့သို႔ ပံုမွန္တပ္တစ္ခု မဟုတ္သျဖင့္ တပ္ဖြဲ႕တစ္ခု၏ ဖြဲ႕စည္းပံုႏွင့္ အဆင့္ခြဲျခား သတ္မွတ္ျခင္းမ်ား မရိွဘဲ ကာကြယ္ေရးလုပ္ငန္းမ်ားတြင္ လိုအပ္သည့္အခ်ိန္တြင္ ကူညီ ေဆာင္ရြက္ရန္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။
ျပည္သူ႔စစ္(PMF)ႏွင့္ပတ္သက္၍ ၂၀၀၈ ခုႏွစ္ ဖြဲ႔စည္းပံုအေျခခံဥပေဒတြင္ အေသးစိတ္ျပဌာန္းထားျခင္း မရိွေသာ္လည္း ဖြဲ႕စည္းပံုအေျခခံဥပေဒ၏ ကာကြယ္ေရးဌာန အခန္း (၇)၊ ပုဒ္မ-၃၄၀ တြင္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လံုၿခံဳေရးေကာင္စီ၏ သေဘာတူညီခ်က္ျဖင့္ ကာကြယ္ေရးဌာနသည္ ျပည္ေထာင္စု လံုၿခံဳေရးႏွင့္ ကာကြယ္ေရးတြင္ ျပည္သူတစ္ရပ္လံုး ပါဝင္ေရးအတြက္ စီမံေဆာင္ရြက္ခြင့္ရိွသည္။
တပ္မေတာ္၏ ဦးေဆာင္မႈျဖင့္ ျပည္သူ႔စစ္မဟာဗ်ဴဟာကို ေဖာ္ေဆာင္ရမည္ဟု ျပဌာန္းထားျခင္းျဖစ္သည္။
သတင္း - ခ်ယ္ရီထိုက္
“ဥပဒေအရ ဒါသည် ကောက်ခံလို့ မရတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ အနေနဲ့ ပြည်သူ့စစ် အတွက် ငွေကြေးကောက်ခံခြင်းဟာ ဥပဒေအရ ကောက်ခံလို့ မရပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ကောက်ခံ မပေးဖို့အတွက်ဆိုတာ အရင်ကလည်း သတိပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် မရပ်သေးဘဲ ဆက်လက် ကောက်ခံနေတာတွေကို မြပြေင် အခြေအနေမှာ တွေ့နေရတဲ့ အတွက် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ အနေနဲ့ ဒီလိုတွေ ကောက်ခံခွင့် မရှိဘူးဆိုတာ သိရှိကြောင်း လက်မှတ်ရေးထိုး ခိုင်းထားတာပါ။ ပြည်သူ့စစ်အဖွဲ့ အရေအတွက်၊ အင်အားကတော့ တပ်ကပဲ သိမှာပါ”ဟု တာချီလိတ်ခရိုင် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
တာချီလိတ်ခရိုင်အတွင်း ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့နှင့် ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင်များက လုံခြုံရေး တာဝန်ယူပေးရန် ရပ်ကွက်အုပ်ချုပ်ရေးရုံးများက ရပ်ကွက်၊ ကျေးရွာများတွင် ငွေကြေး ကောက်ခံပြီး လစာပေးသည့် စနစ်ကို ကျင့်သုံးနေသဖြင့် အဆိုပါ လုပ်ရပ်မှာ ပြည်သူ့စစ်များ အတွက် ပြဌာန်းထားသည့် ဥပဒေအရ လည်းကောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ လိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဥပဒေများအရလည်းကောင်း ကိုက်ညီမှုမရှိသဖြင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးဌာနက ၂၀၁၇ ခုနှစ် သြဂုတ်လ (၇)ရက်နေ့တွင် စာထုတ်ပြန်သတိပေးလိုက်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးဥပဒေမှာ ပြည်သူဆီက မကောက်ရဘူးဆိုတာ ရှိပါတယ်။ အဲဒီ ကောက်တာကလည်း ဒီလူတွေကို လစာပေးဖို့ ကောက်နေတာပေါ့နော်။ ဒါတွေကို ဆက်ပြီးမလုပ်ဖို့ဆိုပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ပြီးလက်မှတ်ထိုးခိုင်းတာပါ”ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ခုတွင် ရပ်ကွက်အလိုက် ညပိုင်း လုံခြုံရေးအတွက် ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ အကူအညီရယူရန် ရပ်ကွက်အတွင်း လစဉ် တစ်အိမ်လျှင် ဘတ် (၂၀)မှ ဘတ် (၅၀)အထိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ယခင်နှစ်ကာလများ ကတည်းက ကောက်ခံလာခြင်းဖြစ်ကြောင်း သိရသည်။
“ညဆို (၇) နာရီကစပြီး လုံခြုံရေးယူတယ်။ ပြည်သူ့စစ် (၁၀)ယောက်၊ မီးသတ် (၅)ယောက် ရုံးမှာ နေပေးတယ်။ အလှည့်ကျပေါ့။ မှုခင်းတစ်ခုဖြစ်တယ်ဆိုရင် ရဲကိုဖုန်းဆက်တယ်ပေါ့။ မြို့ပေါ် (၁၁)ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေ အားလုံးမှာ ဒီလိုပဲ လုပ်တယ်။ ကျေးရွာအုပ်စုတွေမှာ ပိုများတယ်။ မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်လုံးမှာတော့ ပြည်သူ့စစ် (၁၁)ဖွဲ့ရှိတယ်”ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
လက်ရှိတွင် ရပ်ကွက်များ အလိုက် ရဲတပ်ဖွဲ့၏ လုံခြုံရေးလှည့်ကင်းများ လုပ်ဆောင်မှုနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးလိုကြောင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြထားကြောင်း သိရသည်။
“ပြည်သူ့စစ်တွေ ရပ်ကွက်တွေမှာ ကင်းလှည့်ဆောင်ရွက်တယ်ဆိုတာတော့ ရဲတပ်ဖွဲ့နဲ့ သီးခြားတစ်လိုင်းစီ ဖြစ်ပါတယ်။ နယ်မြေခံအတွက် သူတို့လုပ်တာတွေရှိတယ်။ ဒါပေမယ့် ပြည်သူ့စစ်တွေနဲ့ ပတ်သက်လို့ သူတို့ ဘာလုပ်ပါဆိုပြီး ကျွန်တော်တို့ အနေနဲ့ ညွှန်ကြားချက်ပေးတာမျိုး မရှိဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကင်းလှည့် ဆောင်ရွက်မှုမှာ မီးတန်းယာဉ် (၅)စီးနဲ့ သတင်းပို့ပြီး (၅)မိနစ်အတွင်း အရောက် သွားနိုင်အောင်ဆိုပြီး မြို့တွင်း (၅)နေရာမှာ လှည့်ကင်း၊ ပတ်ကင်းတွေ ထားထားတယ်။ တကယ်လို့ သတင်းပေးချင်တယ်။ နောက်တစ်ခုက ဒေသအလေ့အထအရ ရဲစခန်းကို သတင်းပေးဖို့ ခက်ခဲတယ်ဆိုရင် မီးတန်းယာဉ်တွေရှိရာမှာ အရာရှိတွေလည်းရှိနပြေီးု မည်သူမဆို သတင်းပေးနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်ထားပါတယ်။ လှည့်ကင်း၊ ပတ်ကင်းတွေလည်း တစ်နာရီခြားလှည့်ပြီး ဆောင်ရွက် ပေးနေပါတယ်”ဟု တာချီလိတ်မြို့အတွက် လုံခြုံရေးဆောင်ရွက်မှုအခြေအနေကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက ပြောသည်။
နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်ခရိုင်တွင် ရဲတပ်ဖွဲ့အနဖြေင့် ဒေသခံများဖြစ်သည့် ပြည်သူ့စစ်အပါအဝင် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုမှာ မှုခင်းများ ဖော်ထုတ်ရေးအတွက် အရေးပါသည်ဟု၎င်းက ဆိုသည်။
“ကျွန်တော်တို့ မှုခင်းတွေ ဖော်ထုတ်ရာမှာ ပြည်သူပါဝင်မှုက အရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူ့စစ်ပဲဖြစ်ဖြစ် နဂိုကတည်းက ပြည်သူတွေကိုယ်စားပြု ရပ်တည်တဲ့အဖွဲ့ဖြစ်တဲ့အတွက် ပြည်သူက ပူးပေါင်းဆောင်ရွက်တယ် ဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အတွက်က အင်အားတစ်ခုပါပဲ။ လက်နက် ကိုင်ဆောင်ခြင်း၊ မကိုင်ဆောင်ခြင်း ဆိုတာကတော့ ဒါက တပ်မတော်ရဲ့ လက်နက်ကိစ္စဖြစ်တဲ့အတွက် ကာကွယ်ရေးရဲ့ အရန်အင်အားဖြစ်ပါတယ်။ ကျွန်တော်တို့အတွက်ကတော့ ပြည်သူ့စစ် ပူးပေါင်းပါဝင်မှုရှိရင် ရဲလုပ်ငန်းကတော့ အောင်မြင်မှုရှိပါတယ်။ ကျွန်တော်တို့ ဒီနယ်စပ်ဒေသ အတွက်ပေါ့နော်”ဟု တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ထိန်ဝင်းက ပြောသည်။
ပြည်သူ့စစ်အဖွဲ့များသည် လခခံစားခွင့် မရှိဘဲ၎င်းတို့၏ လုပ်ဆောင်မှုကို တပ်မတော်က ကြီးကြပ် စောင့်ကြည့်ကာ သတ်မှတ်ထားသော ဒေသမှလွဲ၍ အခြားဒေသသို့ သွားလာ ကင်းလှည့်ခွင့်နှင့် လက်နက်ကြီး သုံးစွဲခြင်းတို့ကို ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့များသည် နယ်ခြားစောင့်တပ်ကဲ့သို့ ပုံမှန်တပ်တစ်ခု မဟုတ်သဖြင့် တပ်ဖွဲ့တစ်ခု၏ ဖွဲ့စည်းပုံနှင့် အဆင့်ခွဲခြား သတ်မှတ်ခြင်းများ မရှိဘဲ ကာကွယ်ရေးလုပ်ငန်းများတွင် လိုအပ်သည့်အချိန်တွင် ကူညီ ဆောင်ရွက်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။
ပြည်သူ့စစ်(PMF)နှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အသေးစိတ်ပြဌာန်းထားခြင်း မရှိသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကာကွယ်ရေးဌာန အခန်း (၇)၊ ပုဒ်မ-၃၄၀ တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ကာကွယ်ရေးဌာနသည် ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။
တပ်မတော်၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်ဟု ပြဌာန်းထားခြင်းဖြစ်သည်။
သတင်း - ချယ်ရီထိုက်
