တာချီလိတ်မြို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် နီးစပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့ရှိ အချို့သော ဒေသခံပြည်သူများထဲမှ ကိုယ်ဝန်ဆောင်မိခင်များသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ မီးမဖွားမီ ကိုယ်ဝန်အပ်နှံခြင်း ပြုလုပ်လေ့ရှိရာ ယခုအခါမှာ အဆိုပါ ဆေးရုံတွင် အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား၏ ကိုယ်ဝန်အပ်နှံခြင်းများကို လက်မခံတော့ကြောင်း မယ်ဆိုင်ဆေးရုံမှ မြန်မာအမျိုးသမီးဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။
""
ခုမယ်ဆိုင်ဆေး၇ုံမှာ မြန်မာကိုယ်ဝန်သည်တွေကို လက်မခံတော့ပါ. အကြောင်း၇င်း--- သူနာပြုဝန်ထမ်းအင်အားမလောက်လို့ပါ(သူနာပြုတွေက ကျောင်းပြီးချင်း အစိုး၇၀န်ထမ်းမဟုတ်သေးပဲ ဆေးရုံဝန်ထမ်းပဲဖြစ်ပါတယ် လုပ်သက်နည်းနည်းရပြီမှသာ အစိုးဝန်ထမ်းဖြစ်၇တယ် အစိုးဝန်ထမ်းစဖြစ်၇င် နေရြာော့င်းေ၇ွ့၇ပါတယ်) ခုမယ်ဆိုင်ဆေးရုံမှာသူနာပြုပြောင်းရွ့တာများနေပြီး အသစ်ခန့်ဖို့(စည်းမျဉ်းအသစ်ထုတ်ထားသောကြောင့်) ခန့်အပ်လို့မ၇သေးပါ ထိုင်းနိုငိငံမှာနေထိုင်ခွင့်ကဒ်(သို့)အလုပ်သမားကဒ်၇ှိသောမြန်မာကိုယ်ဝန်ဆောင်များနှင့်ထိုင်းကဒ် တခုခု၇ှိမှသာ လက်ခံပါမယ်။ကလေးမွေးမယ်ဆို၇င်လည်း အေ၇းပေါ်ဆို၇င် လာမွေးလို့၇ပါတယ်၊ကျန်သောရောဂါသည်များကိုအ၇င်လိုပဲလက်ခံဆေးကုသပေးပါတယ်ကိုယ်ဝန်သည်များကိုသာလက်မခံတော့ပါ. မယ်ဆိုင်ဆေးရုံမှလည်းဝမ်းနည်းကြောင်းပြောချင်ပါတယ်၊ တာချီလိတ်မြို့သူမြို့သားများသိ၇ှိအောင် အကြောင်းကြားခြင်းဖြစ်ပါတယ်
T
မယ်ဆိုင်ဆေး၇ုံမှာဆေးလာပြမယ်ဆို၇င် စကားပြန်ငှားလာဖို့မလိုကြောင်းနဲ့ ဆေး၇ု့မှာစကားပြန်၇ှိကြောင်း ဆေး၇ုံမှစကားပြန်ကိုလည်းငွေပေး၇န်မလိုကြောင်းပါထည့်ပါ ကျေးဇူးတင်ပါတယ်အကို
တာချီလိတ်မြို့နယ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် အနီးစပ်ဆုံး နယ်စပ်မြို့ဖြစ်သည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဒေသခံ တိုင်းရင်းသားများမှာ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဂ္ဂလိက ဆေးရုံများဖြစ်သည့် အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်း အပါအ၀င်