ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ဇန်န၀ါရီ (၈)ရက် ၊ နံနက် (၁၀)နာရီက အထက ကျောင်းရှေ့၊ ပြည်သူ့ပန်းခြံအနီး၊ ပြည် ထောင်စုကားလမ်းမကြီးဘေးတွင် ကျင်းပရာ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း၊ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ရွှေ ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ နှင့် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။
ဆက်လက်၍ နံနက် ၁၀ နာရီ ခွဲ တွင် အထက-မိုင်းဖြတ်၊ ရွှေလီခန်းမဆောင်၌ အသိပညာပေးဟောပြောပွဲ
ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ရွှေ က မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရင်ရင်အေး က လူကုန်ကူးမှု နှင့်လူမှောင်ခိုအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဝေါဗီရှင်(မြန်မာ)တာချီလိတ်မှ
ဒေါ်နန်းလီစိုး က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း၊ တာချီလိတ်ယာဉ်ထိန်း
ရဲတပ်ဖွဲ့မှ တပ်စိတ်မှူး ရဲအုပ်သန်းဇော်လင်း က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ သိကောင်းစရာများ
ကိုလည်းကောင်း အသီးသီး ဟောပြောသည်။
ဆက်လက်၍ မွန်းလွဲ ၂ နာရီတွင် ဟိုနားကျေးရွာ၊ ဘုန်းကြီးကျောင်း၌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်လွင် က
မှုခင်းကျဆင်းရေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးကျော်ဦး က ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ
ကိုလည်းကောင်း၊ တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုရဲအုပ်လှဘုန်း က လက်ရှိ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းစဉ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~