တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စုထဲ၌ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဆီ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

တာချီလိတ်မြို့ ၀မ်လုံးကျေးရွာအုပ်စုထဲ၌ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဆီ ဘိန်းစိမ်းများ ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 1, 2015
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ မူးယစ်တပ်ဖွဲ့စု (၁၀၂)နေပြည်တော်၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်တို့မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် တာချီလိတ်တပ်နယ်မှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်နေလျက်ရှိရာ ယနေ့ ဖေဖော်ဝါရီလ(၁)ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် ၀မ်လုံးကျေးရွာ အုပ်စုအတွင်း၌ စိတ်ကြွဆေးပြားများနှင့် ဘိန်းဆီခဲစသည့် မူးယစ်ဆေးဝါးများကို လက်ဝယ်တွေ့ရှိသူနှင့်အတူ ဖမ်းဆီးသိမ်းဆည်း ရမိကြောင်း တာချီလိတ်မူုးယစ်တပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့နယ်၊ ၀မ်လုံးကျေးရွာအုပ်စု၊ ၀ိန်းဝကျေးရွာရှိ အားဆော့(ကျား)၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ အဆိုပါ ပူးပေါင်းအဖွဲ့တို့မှ ၀င်ရောက် ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ယာဘေးရှိ လွယ်အိတ်ထဲမှ Wy စာတမ်းပါ စိတ်ကြွဆေးပြားများ နှင့် ဘိန်းဆီခဲ နှင့် ဘိန်းစိမ်းများကို ရှာဖွေတွေ့ရှိရတာဖြစ်ကြောင်း သိသည်။

ရှာဖွေတွေ့ရှိရသည့် မူးယစ်ဆေးဝါးများတွင် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၃၉၃၀)ပြား နှင့် ဘိန်းဆီခဲ (၁၅)ဂရမ် အပြင် ဘိန်းစိမ်း (၃၅)ဂရမ်တို့ကို ရှာဖွေရရှိရာ ယင်းမူးယစ်ဆေးဝါးများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်(၉၉)သိန်းနီးပါး တန်ဖိုးရှိကြောင်း နှင့် အားဆော့(ကျား)အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၂၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သိရသည်။

ဆက်လက်၍ အဆိုပါပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီလ(၁)ရက် နံနက်ပိုင်းမှာပင် ၀မ်လုံးကျေးရွာအုပ်စုထဲရှိ ၀ိန်းဝကျေးရွာ၌ အားချာ(ကျား)နေထိုင်သည့် အိမ်အား ၀င်ရောက်ရှာဖွေရာမှ အားချာ(ကျား)အိပ်သည့် အိပ်ခန်းအတွင်း အိပ်ယာခေါင်းအုံးအနီး၌ အလေးချိန်(၁၁၀)ဂရမ်ရှိသည့် ဘိန်းစိမ်းများကို တွေ့ရှိရာ အားချာ(ကျား)အား တာချီလိတ်မြို့မ ရဲစခန်း၌ပင် မယ(ပ)၂၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~