တာချီလိတ်မြို့အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ လက်လုပ်ဗုံးကွဲ

တာချီလိတ်မြို့အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ လက်လုပ်ဗုံးကွဲ
သြဂုတ် 20, 2014
By Tachileik News Agency

မြန်မာနိုင်ငံ တာချီလိတ်မြို့ နှင့် အနီးစပ်ဆုံးဖြစ်သော ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ အထူးနံမည်ကျော်ကြားသည့် ထိုင်းရဲမှူးကြီးတစ်ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ကာလတန်ဘိုး ထိုင်းဘတ်ငွေသန်းပေါင်းများစွာ တန်ဘိုးရှိသည့် စိတ်ကြွဆေးပြား (၈)သိန်းနှင့် အိုက်စ် တစ်ကီလို တို့အား သြဂုတ်လ (၁၈)ရက်နံနက်ပိုင်းက ဖမ်းဆီးရရှိခဲ့မှုကြောင့် ထိုင်းနိုင်ငံ ပြည်သူများနှင့် နယ်စပ်ဒေသနေပြည်သူများအကြား အုတ်အော်သောင်းတင်းဖြစ်ပွားခဲ့ရပြီးနောက် ရက်သတ္တပတ် တစ်ပတ်မပြည့်မီပင် မယ်ဆိုင်မြို့အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချိန်းရိုင်းခရိုင် မယ်ဆိုင်မြို့ ၀ိန်းဖန်းခမ်းရပ်ကွက်ရှိ
စာသင်ကျောင်းတစ်ကျောင်း၏ အနောက်ဘက်တွင် ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၀)ရက် မြန်မာစံတော်ချိန် ညနေ(၄)နာရီခန့်က လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် မပေါက်ကွဲ
သေးသော ဗုံးတစ်လုံးကိုပါ ထပ်မံတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအား လုံခြုံရေးယူထားပြီး
ထိုင်းရဲတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်း စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။

သတင်း ။   ။ မောင်ယဉ်ကျေး

Photo: HooliganMars

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~