နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ကယားပြည်နယ် ၊ လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ (၉၃)ဦးအား လွတ်မြောက်ခွင့်ပေးခဲ့ပြီးနောက် ၂၀၁၉ခုနှစ် ဧပြီလ (၁၇)ရက်နေ့ နေ့လည်ပိုင်းမှစ၍ အကျဉ်းထောင်မှ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ဖြင့် လွိုင်ကော်အကျဉ်းထောင်မှ အမျိုးသား (၈၃)ဦး ၊အမျိုးသမီး (၁၀)ဦးတို့အား လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပြီး လွတ်မြောက်လာသော အကျဉ်းသားများ နှင့်ပက်သက်၍ ပြစ်မှုပြစ်ဒဏ်ကျခံနေရခြင်းများ အားသက်ဆိုင်ရာမှ အသေးစိတ်ထုတ်ပြန်ပေးခြင်းမရှိသေးပဲ လွှတ်မြောက်လာသူများအား ၎င်းတို့၏ မိဘ ဆွေမျိုးများမှ လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။
နိုင်ငံတော်သမ္မတမှ မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်အနေဖြင့် လည်းကောင်း၊ ပြည်သူလူထု စိတ်ဝမ်း အေးချမ်းစေရေး နှင့်လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်း ကောင်း ၊ အကျဉ်းထောင်အကျဉ်းစခန်း အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံသား အကျဉ်းသား အကျဉ်းသူ (၉၅၃၅) ဦးအား ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ - ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ စည်းကမ်း သတ်မှတ်ချက်မထားဘဲ ဧပြီလ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်ူဖြစ်ပြီး ကယားပြည် နယ်၊ လွိုင်ကော် အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ (၉၃) ဦးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။