တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ်နှင့် ပတ်သက်၍ မတော်တဆ ဖြစ်စဉ်တွင် ပါဝင်သွားခဲ့သည့် အရာရှိ၊ စစ်သည် ၊ မိသားစုဝင်များနှင့် လေယာဉ်အမှုထမ်းများအတွက် အလှူငွေများ ပေးအပ် လှူဒါန်းခြင်းကို ဇွန်လ(၂၀)ရက်၊ မွန်းလွဲပိုင်းက တာချီလိတ်မြို့ရှိ အမှတ်(၃၅၉)ခြေမြန်တပ်ရင်းရှိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။
အခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦးက အဖွင့် နှုတ်ခွန်းဆက်စကားနှင့် စေတနာရှင်အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တပ်ရင်း တပ်ဖွဲ့များ နှင့် စေတနာရှင်အလှူရှင်းများက အလှူငွေများပေးအပ်လှူဒါန်းရာ တာဝန်ရှိသူက လက်ခံရယူ သည်။
အဆိုပါ လေယာဉ်ပျက်ကျရာတွင် ပါဝင်သွားခဲ့သူများအတွက် တာချီလိတ်မြို့မှ ယနေ့အထိ လှူဒါန်းငွေမှာ တပ်နယ်နှင့် လုပ်ငန်းရှင်များက လှူဒါန်းငွေကျပ် ၃၄,၃၇၀,၀၀၀ နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့်စေ့စပ်ညှိနှိုင်းရေးကော်မတီ(CNCMC)ရုံးတွင် တာချီလိတ်မှ အလှူရှင်များမှ စုပေါင်း လှူဒါန်းထားကြသည့် လှူဒါန်းငွေမှာ ကျပ်(၁၆၃)သိန်း ရှိရာ စုစုပေါင်းငွေကျပ် (၅၀,၆၇၀,၀၀၀)ဖြစ်ကြောင်း သိရသည်။
သတင်း - ဝေယံလင်း
ဓာတ်ပုံ - ဇောင်းညီ