ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့မဈေးကြီးတွင် နိုဝင်ဘာလ(၆)ရက်နေ့ ညနေ(၆)နာရီဝန်းကျင်ကစ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ ည(၈)နာရီဝန်းကျင်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ဟံနိုင်
ဓာတ်ပုံ - Zay Yar
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ နမ့်လန်မြို့ မြို့မဈေးအလယ်တန်းရှိ ခေါက်ဆွဲတန်းမှ စတင် လောင်ကျွမ်းသည်ဟု သိရှိရပြီး သက်ဆိုင်ရာမီးသတ်ဌာနနှင့် သီပေါမြို့မှ မီးသတ်ကားများလာရောက် ကူညီ ငြိမ်းသက်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာ ဈေးအတွင်း လျှပ်စစ်ဝါယာကြိုးများမရှိကြောင်းနှင့် မည်သည့်အကြောင်းကြောင့် မီးစတင်လောင်ကျွမ်းရသည်ကို မသိရှိကြောင်း နမ့်လန်ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။
လူအင်အား မီးသတ်အင်အားနှင့် ဝိုင်းဝန်းငြိမ်းသက်နိုင်ခဲ့သောကြောင့် မီးလောင်မှုဖြစ်ပွားရာနေရာနံဘေးရှိ ဈေးဆိုင်တန်းများအား မီးကူးစက်ခြင်းမရှိခဲ့ကြောင်း သိရှိရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မသိနိုင်သေးကြောင်း၎င်းက ဆိုသည်။
သတင်း - ဟံနိုင်
ဓာတ်ပုံ - Zay Yar