မဇ္ဈိမလူမှုကူညီရေးအသင်းမှ အမာခံအသင်းသား တစ်ဦးဖြစ်ပြီး တြိဂံသွေးလှူရှင်အသင်းတွင် အတွင်းရေမှူး တာဝန်ယူကာ တက်ကြွစွာပေးဆပ်နေသည့် ကိုဇော်လင်းက( ၅-၁၀-၂၀၁၄) ရက်နေ့ ညနေပိုင်းမှာ ကျွန်တော့ထံဖုန်းဆက်လာပါတယ်။
ဘလေးရေ
ကိုယ်ဝန်နေ့စေ့ လစေ့ကြီးနဲ့အမျိုးသမီးတစ်ဦး ဒုက္ခရောက်နေလို့ အကူအညီတောင်းနေတယ်တဲ့ ပြောပါညီ ဘာကူညီပေးရမလဲဆိုတော့ အဲ့အမျိုးသမီးက မီးဖွားပြီးရင် သူနေရပ်ကို ပြန်မယ်တဲ့ ပြီးတော့ သူ့ကလေးကို မွေးစားမဲ့သူရှိရင်လည်းပေးထားခဲ့ချင်တယ်တဲ့ဗျာ....၊
ဒါဆိုညီလေး သူတို့နေတဲ့ နေရာကိုအရင်သွားကြည့်ထားပါ၊ နက်ဖြန် အကိုနဲ့ညီ သွားကြည့်ကြမည်လို့ ပြောထားလိုက်ပြီး (၆-၁၀-၂၀၁၄)ရက်နေ့မှာ သွားကြည့်ဖြစ်ပါတယ်၊
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို တွေ့ရပါတယ်။ အမည်မှာ ဒေါ်သန်းသန်းရွှေ အသက်(၃၅)နှစ် ရှိပါပြီ။ ဇာတိမှာ ရခိုင်ပြည်နယ်မြေပုံမြို့ကလို့ သိရပြီး ယခုတာချီလိတ်မြို့၊ ပုန်းထုန်ရပ်ကွက်၊ ကျောက်တောင်၊
စည်ပင်ကုန်းအနားက အသိမိတ်ဆွေတစ်ဦးမှ ခေါ်ထားတယ်လို့သိရပါတယ်၊
ကျွန်တော်လည်း ဒေါ်သန်းသန်းရွှေကို ဆက်လက်မေးမြန်းကြည့်ရာ သူမမှာ ရခိုင်ပြည်နယ်၌ ပထမအိမ်ထောင်နှင့် သားသမီး (၄)ဦးကျန်ခဲ့ကြောင်း ပထမ အမျိုးသား သေဆုံးသွားပါသဖြင့် အားကိုးရှာကာ နောက်အိမ်ထောင် ပြုခဲ့တာပါဟု ပြောပြပါတယ်၊ ဦးမောင်လှဟု ခေါ်သော ဒုတိယအမျိုးသားမှာ ကချင်ပြည်နယ်ဘက်သို့စီးပွားရှာထွက်သွားပါတယ်တဲ့။
ဒေါ်သန်းသန်းရွှေမှာ ကိုယ်ဝန်(၅)လခန့် ရှိချိန် သူ့အမျိုးသားပြန်မလာလို့ လိုက်ရှာရင်းနဲ့ တာချီလိတ်ဘက်ကို ရောက်လာတာပါတဲ့။ ဦးမောင်လှရဲ့ သူငယ်ချင်းတွေ ပြောပြလို့ သူ့အမျိုးသား ဦးမောင်လှဆုံးသွားပြီဆိုတာ သိရပါတယ် ယခု ဒေါ်သန်းသန်းရွှေ အနေနဲ့ကိုယ်ဝန်လွယ်ထားရသည်မှာ (၁၀)လခန့်ရှိနေပါပြီ
ဒီကလေးမွေးဖွားပြီးပါက ရခိုင်ပြည်နယ်မြေပုံမြို့ကိုပြန်မှာပါ၊
ဒီကလေးငယ်လေးနဲ့သူ့အတွက်အခက်အခဲတွေအများကြီးတွေ့နိုင်တယ်ဆိုပြီး
ရှေ့ရေးအတွက်ရင်လေးစွာနဲ့ပြောပြနေပါတယ်၊
မွေးဖွားလာမဲ့ကလေးနဲ့ပတ်သက်လို့ဒေါ်သန်းသန်းရွှေရဲ့ဆန္ဒကိုမေးမြန်းကြည့်ခဲ့ရာ တကယ်မွေးစားမဲ့လူကိုပဲရှာပေးပါတဲ့ စာချုပ်စာတန်းနဲ့လက်မှတ်ထိုးပေးပြီးအပြီးအပိုင်
ပေးခဲ့ကာ အခကြေးငွေလည်းမတောင်းပါဘူးတဲ့ဗျာ- - -၊
ကျွန်တော်မနေနိုင်လို့ဝင်ပြောဖြစ်ခဲ့ပါတယ် စေတနာရှိလို့ပေးလာရင်တော့ အမအနေနဲ့လက်ခံယူပေးရမှာပေါ့လို့အမပြန်ဖို့လမ်းစရိတ်ကရှိနေသေး
တယ်နော်ဆိုတော့ ခေါင်းညိတ်ပြပါတယ်၊
လောလောဆယ်တော့ ဒေါ်သန်းသန်းရွှေရဲ့ မီးဖွားစရိတ်ကို ကျွန်တော်တို့မဇ္ဈိမ လူမှုကူညီရေးအသင်းမှတာဝန်ယူပေးထားပါတယ် ၊
ယောက်ျားလေးမွေးမလား ၊ မိန်ကလေးမွေးမလားတော့မသိသေးပါဘူး
တကယ်မွေးစားချင်တဲ့သူများရှိပါကကျွန်တော်တို့မဇ္ဈိမလူမှုကူညီရေးအသင်းထံ
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်၊
အားလုံးကိုလေးစားစွာဖြင့်
ဦးတင့်ဆွေ
မဇ္ဈိမ လူမှုကူညီရေးအသင်း