ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး
ဇန်နဝါရီ 11, 2014
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူပွဲကို ဇန်န၀ါရီ  ၈ ရက် ၊ နံနက် ၁၀ နာရီက  အထက ကျောင်းရှေ့၊ ပြည်သူ့ပန်းခြံအနီး၊     ပြည် ထောင်စုကားလမ်းမကြီးဘေးတွင် ကျင်းပရာ   ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးကျော်ကျော်အုန်း၊     ခရိုင်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ  ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး တင်ရွှေ ၊  ဌာနဆိုင်ရာများ၊   ကျောင်းသားကျောင်းသူများ နှင့်  မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။

ဆက်လက်၍  နံနက် ၁၀ နာရီ ခွဲ တွင်  အထက-မိုင်းဖြတ်၊ ရွှေလီခန်းမဆောင်၌    အသိပညာပေးဟောပြောပွဲကျင်းပရာ  ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး တင်ရွှေ က  မှုခင်းကျဆင်းရေးနှင့်စပ်လျဉ်းပြီး   အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်  တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ  ဒုတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ရင်ရင်အေး က  လူကုန်ကူးမှု နှင့်လူမှောင်ခိုအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ဝေါဗီရှင်(မြန်မာ) တာချီလိတ်မှ ဒေါ်နန်းလီစိုး  က  ကလေးသူငယ်အခွင့်အရေးဆိုင်ရာ   သိကောင်းစရာများကို လည်းကောင်း၊  တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ     တပ်စိတ်မှူး   ရဲအုပ်သန်းဇော်လင်း  က   ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီး ဟောပြောသည်။

ဆက်လက်၍  မွန်းလွဲ  ၂ နာရီတွင်  ဟိုနားကျေးရွာ၊ ဘုန်းကြီးကျောင်း၌  မြို့နယ်ရဲတပ်ဖွဲ့မှူး  ရဲမှူး မြင့်လွင် ကမှုခင်းကျဆင်းရေးအကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ  ဦးကျော်ဦး က ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများကိုလည်းကောင်း၊  တာချီလိတ် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ    ဒုရဲအုပ်လှဘုန်း က   လက်ရှိ ဆောင်ရွက် လျက်ရှိသည့်  လုပ်ငန်းစဉ်များကိုလည်းကောင်း  အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
   ဝေယံလင်း(မိုင်းဖြတ်)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~