ဆွမ်းခံရင်း ဦးနှောက်သွေးကြောပြတ်ကာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ

ဆွမ်းခံရင်း ဦးနှောက်သွေးကြောပြတ်ကာ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူ
အောက်တိုဘာ 8, 2014
By Tachileik News Agency

ယနေ့ သီတင်းကျွတ်လပြည့်၊ အောက်တိုဘာလ(၈)ရက် နံနက်(၇း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်းရှိ တာချီလိတ်အွန်လိုင်းသတင်းဌာနမှ အယ်ဒီတာ ကိုဇောင်း၏ အဖွား ဒေါ်ခင်သန်း နေအိမ်သို့ ဆွမ်းခံကြွလာသော သက်တော်(၃၉)နှစ် ၀ါတော် (၈)၀ါရှိ ဆရာတော် ဥူးသြဘာသည် ထိုင်ရာမှ ထမည်အပြုမှာ ရုတ်တရက် ဦးနှောဏ်သွေးကြောပြတ်ကာ ပျံလွန်တော်မူသွားသည်။

ဖြစ်စဉ်မှာ ဆရာတော် ဥူးသြဘာသည် အလင်းရောင်ပရဟိတအသင်းမှ လပြည့်၊ လကွယ်နေ့တိုင်း ကျင်းပလေ့ရှိသော ဆွမ်းလောင်းပွဲသို့ ကြွရောက်၍ အလှူခံတော်မူပြီးအပြန် ယာမြေကုန်းသို့ ကြွရောက်လာကာ ဆွမ်းအလှူခံရင်း ထိုင်ရာမှ အထတွင် ရုတ်တရက်လဲကျသွားကာ ဦးနှောဏ်သွေးကြောပြတ်၍ ပျံလွန်တော်မူသွားသည့်အတွက် ပျံလွန်တော်မူသွားသည့် ဆရာတော် သီတင်းသုံးရာ မိတ္တီလာတောရကျောင်းတိုက်မှ သက်တော်ရှည် ကျောင်းထိုင်ဆရာတော်ဘုရားကြီး၏  ခွင့်ပြုချက်နှင့်အညီ ယနေ့ ရက်မြတ်ကာလမှာပင် နေအိမ်မိသားစုနှင့်အတူ မဇ္ဈိမလူမှုကူညီရေးအသင်းတို့မှ နေအိမ်မှာပင် မိတ္ထီလာတောရကျောင်းတိုက်မှ ဆရာတော်များအား ပင့်ဖိတ်၍ သရဏဂုံတည်ပြီး ရေစက်သွန်းချ တရားနာယူကာ ကြွင်းကျန်ရစ်သည့် ရုပ်ကလာပ်အား တာချီလိတ်မြို့မသုဿန်သို့ သယ်ဆောင်၍ မီးဂြိုံဟ်ခဲ့ကြသည်။

မီးဂြိုံဟ်ရန်အတွက် မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကူညီဆောင်ရွက်ပေးရာ  အခေါင်းနှင့် သယ်ဆောင်မှုကို ကူညီဆောင်ရွက်ပေးခဲ့ပြီး၊ ဆရာတော်များအား ကပ်လှူပူဇော်နိုင်ရန်အတွက် သင်္ကန်းများအား သူရိယ သင်္ကန်းတိုက်မှ ကပ်လှူပူဇော်သည်။ နေအိမ်မိသားစုမှ မီးသဂြို င်္ဟ်ရန်ကိစ္စနှင့် ဆွမ်းသွတ်ရန်ကိစ္စများကို ဆောင်ရွက်ကြသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~