တာချီလိတ်မြို့နယ် ကော့မကိန်ကျေးရွာတွင် သတင်းအရ တာချီလိတ်မြို့ရဲတပ်ဖွဲ့ဝင်များက
ဖေဖေါ်ဝါရလ ၂၄ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ၀င်ရောက်ရှာဖွေရာ နေအိမ်သုံးအိမ်မှ
စုစုပေါင်းကာလတန်ဖိုးငွေ ကျပ်သိန်း ၂၀ ကျော်ရှိ မူးယစ်ဆေးဝါးများတွေ့ရှိခဲ့သည်။
ဦးစွာ နေ့လည် ၁း၀၀ အချိန်တွင် ကော့မကိန်ကျေးရွာနေ ဦးအားကော်၏ နေအိမ်အား
ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဦးအားကော် နှင့် မူးယစ်ဆေးဝါးသုံးစွဲရန်
ရောက်ရှိနေသော ဦးအိုက်စန်း ၊ ဦးမန်နော် ၊ ဦးအိုက်လွန်း ၊ ဦးအောင်ဇော်ထိုက် ၊ ဦးလီဖာ
တို့ကို အသင့်တွေ့ရှိရသည်။ ထို့နောက် ဦးအားကော် ဝတ်ဆင်ထားသော်
အဖြူစင်းကြားရှုပ်အင်္ကျီလက်တို အိတ်ကပ်အတွင်းမှ အပြာရောင်ပလပ်စတစ် ကပ်ခွာအိပ်ဖြင့်
ထည့်ထားသော WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၁၅၀ ပြား ပါ တစ်ထုပ် နှင့်
ငွေမှင်ရောင် ပတ်ထားသော ပုနယ်ဆလင်ပုလင်း အတွင်း၌ WY စာတန်းပါစိတ်ကြွရူးသွပ်
ဆေးပြား ၄၀ ပြား တို့ကိုတွေ့ရှိပြီး စုစုပေါင်းWY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၁၉၀ပြား
တွေ့ရှိရသည်။ အဆိုပါဆေးပြားများသည် စုစုပေါင်းကာလ တန်ဖိုးငွေ ကျပ် ၄၇၅၀၀၀
ရှိကြောင်း ၊ ရဲအုပ်စိုင်းခမ်းစိုင်းမှ သက်သေများရှေ့တွင် ရှာဖွေ သိမ်းဆည်းထားရှိပြီ
တာချီလိတ်မြို့မရဲစခန်း၌ မယ(ပ)၃၈/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၉(က)/၂၁ အရအမှုဖွင့်
အရေးယူထားသည်။
ဆက်လက်၍ နေ့လည် ၁း၁၀ အချိန်တွင်ပူးပေါင်းအဖွဲ့များနှင့်အတူ ကော့မကိန်ကျေးရွာနေ မအားမြယ် ၏ နေအိမ်အတွင်း ၀င်ရောက်ရှာဖွေရာ အပြာရောင်ပလပ်စတစ်ကပ်ခွာဖြင့်ထည့်ထားသော WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၂၀၀ ပြား ပါ ၂ထုပ် ၊ ဆေးပြား ၉၈ ပြားပါ ၁ ထုပ် နှင့် WY စာတန်းပါ အညိုရောင် စိတ်ကြွဆေးပြား ၄၁ပြား စသည့် စုစုပေါင်း ဆေးပြား ၅၃၉ ပြား နှင့် ကျွတ်ကျွတ်အိပ်အနီဖြင့်ထုပ်ထားသောအလေးချိန် ၂၃၀ ဂရမ်းရှိသည့် ဘိန်းစိမ်း ၁ထုပ် တို့ကိုတွေ့ရှိရပြီ စုစုပေါင်းကာလတန်ဖိုးငွေ ကျပ်သိန်း ၁၅၈၇၅၀၀ ရှိကြောင်းသိရသည်။အဆိုပါ မအားမြယ်နှင့်ဆေးပြားများအား ရဲအုပ် ၀င်းကျော်ကျော်မှ သက်သေများရှေ့တွင် ရှာဖွေ သိမ်းဆည် ထားပြီး တာချီလိတ်မြို့မရဲစခန်း၌ မယ(ပ)၃၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၉(က) အရအမှုဖွင့်
အရေးယူထားသည်။
ထို့နောက် နေ့လည် ၁း၂၀ အချိန်တွင် ပူးပေါင်းအဖွဲ့များနှင့်အတူ ကော့မကိန်ကျေးရွာနေ မောင်လွီကြည် ၏ နေအိမ်အားဝင်ရောက်ရှာဖွေရာ မောင်လွီကြည်နဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲရန် ရောက်ရှိနေသော မောင်ရောဂျေတို့အား အသင့်တွေ့ရှိရပြီး မောင်လွီကြည် ၏ အင်္ကျီအိတ်ကပ်မှ အဖြူရောင်ပလပ်စတစ် ဖြင့်ထည့်ထားသော ICE အလေးချိန် ၀.၂ ဂရမ် နှင့် ၄င်းနေအိမ် မီးဖိုချောင်ထရံမှ အဖြူရောင်ပလပ်စတစ် ဖြင့်ထည့်ထားသောWY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၉ပြားအားတွေ့ရှိရပြီး စုစုပေါင်း ကာလတန်ဖိုးငွေ ကျပ် ၂၇၁၀၀ ကျပ် ရှိကြောင်းသိရသည်။ အဆို မူးယစ်ဆေးနှင့်အတူ တရားခံနှစ်ဦးအား တာချီလိတ်မြို့မရဲစခန်း၌ မယ(ပ)၃၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရအမှုဖွင့်
အရေးယူထားသည်။