"ကားက အိမ်ဆောက်ပစ္စည်းရာင်းဝယ်ရေးဆိုင်တဆိုင်က ပစ္စည်းပို့တဲ့ ဒိုင်နာကားပါ ၊ ကားပေါ်မှာ ဘိလပ်မြေအိတ်တွေ အပြည့်အမောက် တင်လာတော့ ၀န်နဲ့အားမမျှသလို ဒီကုန်းအတက်က နဲနဲလည်းမတ်တယ်လေ ၊ အထူးသဖြင့်တော့ ကုန်းအတက်
လည်းဖြစ်ပြန် လမ်းကလည်း ဆိုးဆိုးဝါးဝါးပျက်စီးနေတာပါ၊ နောက်ပြီး ဒီနေရာက ရဲစခန်း ၊
တရားရုံး ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေလဲရှိ ၊ လူနေထူထပ်တဲ့နေရာဖြစ်တော့ ယာဉ်အ
သုံးပြုမှုများပါတယ်။ ဒါပေမယ့် လမ်းက ဆိုးဆိုးရွားရွားပျက်နေတာ ၂နှစ် ၃နှစ်ရှိနေပါပြီ။
ကုန်းအတက်လဲဖြစ်ပြန် လမ်းကလည်း ချိုင့်ခွက်တွေနဲ့ဆိုတော့ ဒီလိုအဖြစ်မျိုးက မကြာ
မကြာဖြစ်နေပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ အများပြည်သူ သွားလမ်းသာအောင်ကော
မြို့အင်္ဂါရပ်နဲ့ညီအောင်ပါ ဒီလမ်းကို ပြုပြင်ပေးစေချင်ပါတယ်”” ဟု ရပ်ကွက်နေပြည်သူ
တစ်ဦးက ပြောပြပါသည်။
အဆိုပါ ဒိုင်နာကားမှာ အရှိန်ဖြင့် နောက်ပြန်လိမ့်ဆင်းလာခဲ့သော်လည်း ယာဉ်မောင်း၏
သတိရှိမှု ၊ ၀မ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့် ရပ်ကွက်ပြည်သူများမှ ၀ိုင်း
ဝန်းကူညီဆောင်ရွက်ပေးမှုတို့ကြောင့် အနီးဝန်းကျင်ရှိ နေအိမ်နှင့်လူများအား ထိခိုက်မှု
မရှိခဲ့ကြောင်း သိရှိရပါသည်။
မောင်ယဉ်ကျေး
ဓာတ်ပုံ - စိုးဥမ္မာ
ယနေ့ မတ်လ (၂၆)ရက် မွန်းလွဲ (၂)နာရီခွဲခန့်က တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် ၀န်ထမ်းကုန်း အတက်တွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ဒိုင်နာအမျိုးအစား မော်တော်ယာဉ်တစ်စီး ၀န်နှင့်အား မမျှကာ နောက်ပြန်လိမ့်ဆင်းခဲ့ကြောင်းသိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~