ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုရှိ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုရှိ
သြဂုတ် 3, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လှိုက်ဂူကျေးရွာလမ်းပေါ်တွင် ပူးပေါင်းအဖွဲ့ဖြစ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် မူးယစ်တပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

တာချီလိတ်တပ်နယ်မှ နယ်မြေခံတပ်နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ဇန်န၀ါရီလ(၁၈)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်က မိုင်းဟဲကျေးရွာအုပ်စုရှိ ကျောက်လှိုက်ဂူကျေးရွာလမ်းပေါ်တွင် စစ်ဆေးမှုများ ပြုလုပ်စဉ်မှာ အခင်းဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဘူးရှီး - တာချီလိတ် လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ်တစ်စီးအား အဆိုပါ ပူးပေါင်းအဖွဲ့မှ ရပ်တန့် စစ်ဆေးမှုများ ပြုလုပ်စဉ် ယင်းဆိုင်ကယ်မှာ ရပ်တန့်ခြင်းမရှိဘဲ နောက်ပြန် လှည့်ပြေးပြီး လမ်းတစ်နေရာ အရောက်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တာချီလိတ်မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲတပ်ကြပ်ကြီး မျိုးဇော်အောင် နှင့်  နယ်မြေခံတပ်မှ ဒုတပ်ကြပ် စိုးညွှန့်ရွှေတို့ အဖွဲ့အား လက်နက်ဖြင့် ပစ်ခတ်ခဲ့ရာတွင် ရဲတပ်ကြပ်ကြီး မျိုးဇော်အောင်၏ ၀ဲဘက်ရင်အုံအား စိုးရိမ်ရသည့် ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် အဆိုပါ ရဲမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်နက်ဖြင့် ပစ်သွားသည့် ဆိုင်ကယ်မှာ လာရာလမ်းကြောင်းအတိုင်း လှည့်ပြန်မောင်းပြေးသွားရာမှ ဆိုင်ကယ်၏ အနောက်တွင် လိုက်ပါ စီးနင်လာသူ အမျိုးသမီးမှာ ပြုတ်ကျကျန်ရစ်ခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ စစ်ဆေးမေးမြန်းရာမှာ ၎င်းတို့သည် မိုင်းဟဲကျေးရွာအုပ်စု၊ မယ်အို့ကျေးရွာတွင် နေထိုင်သူများဖြစ်ကြောင်း နှင့် တရားခံအမည်မှာ ရွှေသဖြစ်ပြီး ပြုတ်ကျကျန်ရစ်ခဲ့သည့် အမျိုးသမီးမှာ ရွှေသ၏ ဇနီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှင်းလင်းမှုများ ပြုလုပ်ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းရှာဖွေနေလျှက်ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~