ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ သည် တာဝန်ရှိသူများ
နှင့်အတူ ဇန်န၀ါရီ ၇ ရက်၊ နံနက် ၉ နာရီ က မိုင်းဖြတ်မြို့သို့ ရောက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး
ခန်းမ၌ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဆွေးနွေးပြောကြားသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က ဒေသဖွံ့ဖြိုးလုပ်ငန်းများဆောင်ရွက်နေမှု ၊
ယခုလ ၂ ရက်နေ့က ၊ နမ့်ပန်ကျေးရွာအုပ်စု၊ နမ့်ဝိုးထောင်ကျေးရွာတွင် မီးဘေးသင့်ခဲ့သည့် အိမ်ထောင်စုဝင်များအား ပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာရှင်အလှူရှင်များမှ ယနေ့အထိ စားသောက်ဖွယ်ရာများ၊ အ၀တ်အထည်များ၊ ထောက်ပံ့ငွေများ စုစုပေါင်းတန်ဖိုးငွေကျပ် ၁၂၆၄၂၀၀၀ ထောက်ပံ့ပေးထားကြောင်းနှင့် မိုင်းယောင်းစွမ်ဟိန်းဂူဘက်စုံ
ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများ ကိုလည်းကောင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး
ဌာနမှူး ဦးစက်ရွှေ က မီးဘေးသင့်အိမ်ထောင်စုများအား ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုလူဦးရေစာရင်း၊မှတ်ပုံတင်
များ ပြန်လည်ဆောင်ရွက်ပေးနေမှုတို့ကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်
ရွက်နေမှုတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က ဆောင်ရွက်သင့်သည်များအား
ပြန်လည်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ၀န်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏
ခွင့်ပြုရန်ပုံငွေကျပ် ၈၇၅ သိန်းဖြင့် မိုင်းဖြတ်-နမ့်ယွန်း-နမ့်ပန်လမ်းအပိုင်း (၇)မိုင်အရှည် ကျောက်ခင်းလမ်းအမျိုးအစား
ဆောင်ရွက်နေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး၊ လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း
အရည်အသွေးပြည့်မှီရေးနှင့် အချိန်မီပြီးစီးရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံလင်း(မိုင်းဖြတ်)
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး
Featured News
ဇန်နဝါရီ 23, 2025
ဇန်နဝါရီ 22, 2025
ဇန်နဝါရီ 22, 2025
ဇန်နဝါရီ 19, 2025
ဇန်နဝါရီ 15, 2025