မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ကုန်သွယ်လုပ်ငန်းခွန် ဆယ်ဆတိုး၍ရရှိ

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယခင်နှစ်ထက် ကုန်သွယ်လုပ်ငန်းခွန် ဆယ်ဆတိုး၍ရရှိ
စက်တင်ဘာ 6, 2017
By Tachileik News Agency

 မကွေးတိုင်းဒေသကြီးအတွင်း ကုန်သွယ်လုပ်ငန်းခွန်ရရှိမှုမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်ထက် ဆယ်ဆတိုး၍ ကောက်ခံရရှိထားကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီထံမှ သိရသည်။

“၂၀၁၆ ခုနှစ်က ကုန်သွယ်လုပ်ငန်းခွန် ၁ ဒသမ ၈ ဘီလီယံသာရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ၁၈ ဘီလီယံကျော်နဲ့ ကုန်သွယ်လုပ်ငန်းခွန် (၁၀)ဆတိုး ကောက်ခံရရှိခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ အစိုးရတာဝန်ယူပြီး ပွင့်လင်းမြင်သာလာတဲ့ အချက်တွေပါပဲ”ဟု မကွေးတိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဌ ဦးတင့်လွင်က ပြောသည်။

သြဂုတ်လ(၃၀)ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေး (၃/၂၀၁၇) ပထမနေ့တွင် မကွေးတိုင်းဒေသကြီး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုငွေစာရင်း၊ လျာထားချက်၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းလျာထားချက်များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းငွေစာရင်း လျာထားချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို မကွေးတိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဦးစန်းကြူက လွှတ်တော်သို့တင်သွင်းခဲ့ခြင်း ဖြစ်သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကုန်သွယ်လုပ်ငန်းခွန်တွင်ပါဝင်သည့် ငွေလုံးငွေရင်းအသုံးစရိတ်များဖြင့် တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကဏ္ဍများကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ဘဏ္ဍာရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက လွှတ်တော်သို့ တင်သွင်းခဲ့သည်။
သတင်း #ဖီးနစ်

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~