တာခ်ီလိတ္၊ ေမလ(၂၄) ရက္
ထုိင္းႏိုင္ငံ၊ မယ္ဆိုင္၊ ခ်င္းရိုင္း၊ ခ်င္းမိုင္ၿမိဳ႕မ်ားသို႔ ရွမ္းျပည္နယ္မွ ႏွစ္စဥ္ေဆးကုသမႈသြားေရာက္ခံယူသူ ဦးေရ (၁၀,၀၀၀)ေက်ာ္ဝန္းက်င္ရိွေနေၾကာင္း ေဒသတြင္း က်န္းမာေရးေစာင့္ေရွာက္ေပးေနေသာ လူမႈေရး အသင္းအဖြဲ႕မ်ား၏ စစ္တမ္းမ်ားအရ သိရသည္။
"ကၽြန္ေတာ္တို႔ အသင္းအေနနဲ႔ တစ္ပတ္ကို အနည္းဆံုး(၄)ေယာက္ေလာက္ပို႔ရတယ္။ တာခ်ီလိတ္ၿမိဳ႕မွာျဖစ္တဲ့ မေတာ္တဆမႈေတြနဲ႔ တျခားေရာဂါေတြကို ပို႔ေဆာင္ကုသေပးတာပါ။ ကၽြန္ေတာ္တို႔က အခမဲ့လူသယ္ေပးတာပါ။ ဒီလုိပဲ ထိုင္းႏိုင္ငံမွာ ေဆး၀ါးကုသရင္း အသက္ဆုံုးရွံဳးမႈေတြရွိရင္ ျပန္ၿပီး သယ္လာေပးပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ အလင္းေရာင္းပရဟိတအသင္းမွ ဦးေအာင္ျမင့္ရွိန္က ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕နယ္စပ္မွတဆင့္ ထိုင္းႏိုင္ငံသို႔သြားေရာက္ေဆးကုသသူအမ်ားစုမွာ တာခ်ီလိတ္၊ က်ိဳင္းတံု၊ မိုင္းျဖတ္ႏွင့္ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေျမာက္ပိုင္းတို႔မွျဖစ္ေၾကာင္း သိရသည္။
"ရွမ္းျပည္နယ္ထဲမွာ ေဆးရံုေတြကို အဆင့္ျမႇင့္ဖြင့္ထားၿပီး အထူးကုဆရာ၀န္ေတြလည္း ခန္႔ထားၿပီးျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔ရဲ႕ က်န္းမာေရးစနစ္က တကယ္တမ္းေတာ့ ေကာင္းပါတယ္။ ၀န္ထမ္းအသစ္ေတြလည္း ခန္႔ထားၿပီးပါၿပီ။ ကၽြန္ေတာ္တို႔ေဆးရံုမွာ အခမဲ့ေဆး၀ါးစနစ္နဲ႔ ၂၀၁၂-၂၀၁၃ ခုႏွစ္ထဲက စၿပီး လုပ္ေဆာင္ေနပါတယ္။ အျပည့္အ၀ မရႏိုင္ေပမဲ့ ရွမ္းျပည္နယ္ထဲမွာေတာ့ လူနာအမ်ိဳးအစား (၃)မ်ိဳးကို အခမဲ့လုပ္ေဆာင္ေပးေနပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ ျပည္နယ္လူမႈေရး၀န္ႀကီး ေဒါက္တာ မ်ိဳးထြန္းက ေျပာသည္။
"ကၽြန္ေတာ့္ဦးေလး ေက်ာက္ကပ္ေဆးတာ ထုိင္းႏိုင္ငံမွာ သြားေဆးေနရတယ္။ (၆)လတစ္ႀကိမ္ေလာက္ ပံုမွန္သြားေဆးရတယ္။ တစ္ေခါက္ကို ဘတ္(၃)ေသာင္းေလာက္ကုန္တယ္။ အဓိက ဘာလို႔သြားတာလဲဆိုေတာ့ ျမန္မာႏိုင္ငံမွာရွိတဲ့ ေဆးရံုေတြနဲ႔ ထုိင္းႏိုင္ငံကေဆးရံုက ၀န္ေဆာင္မႈေပးတဲ့ ပံုစံလည္း ကြာတယ္။ ဟိုမွာက အကူနပ္(စ)ဆို အခ်ိန္ျပည့္ေစာင့္ေပးေနတာ။ facility လည္းကြာတယ္ေလ အဲဒါေၾကာင့္သြားတာပါ"ဟု နမ့္စန္ၿမိဳ႕မွ ကိုစိုင္းထြန္းညႊန္႔က ေျပာသည္။
ရွမ္းျပည္နယ္အတြင္း ေဆးရံုေပါင္း(၁၅၃)ရံုဖြင့္လွစ္ထားရွိၿပီး အေရးေပၚလူနာမ်ား၊ ျပင္ပလူနာမ်ား၊ အတြင္းလူနာမ်ားအနက္ ဆင္းရဲႏြမ္းပါးသည့္လူနာအား ေဆးရံုႀကီးၾကပ္မႈေကာ္မတီမွ ေထာက္ခံခ်က္ျဖင့္ လည္းေကာင္း၊ ႏိုင္ငံ၀န္ထမ္း၊ အက်ဥ္းသားမ်ား၊ သာသနာေရး သံဃာေတာ္မ်ား၊ (၅)ႏွစ္ေအာက္ ကေလးငယ္မ်ားအား ေဆးကုသေစာင့္ေရွာက္မႈ အခမဲ့ေပးလွ်က္ရွိေၾကာင္း သိရသည္။
သတင္း။ ။ ကိုဇက္
................
တာချီလိတ်၊ မေလ(၂၄) ရက်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်၊ ချင်းရိုင်း၊ ချင်းမိုင်မြို့များသို့ ရှမ်းပြည်နယ်မှ နှစ်စဉ်ဆေးကုသမှုသွားရောက်ခံယူသူ ဦးရေ (၁၀,ဝဝဝ)ကျော်ဝန်းကျင်ရှိနေကြောင်း ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်ပေးနေသော လူမှုရေး အသင်းအဖွဲ့များ၏ စစ်တမ်းများအရ သိရသည်။
"ကျွန်တော်တို့ အသင်းအနေနဲ့ တစ်ပတ်ကို အနည်းဆုံး(၄)ယောက်လောက်ပို့ရတယ်။ တာချီလိတ်မြို့မှာဖြစ်တဲ့ မတော်တဆမှုတွေနဲ့ တခြားရောဂါတွေကို ပို့ဆောင်ကုသပေးတာပါ။ ကျွန်တော်တို့က အခမဲ့လူသယ်ပေးတာပါ။ ဒီလိုပဲ ထိုင်းနိုင်ငံမှာ ဆေးဝါးကုသရင်း အသက်ဆုံးရှုံးမှုတွေရှိရင် ပြန်ပြီး သယ်လာပေးပါတယ်"ဟု တာချီလိတ်မြို့ အလင်းရောင်းပရဟိတအသင်းမှ ဦးအောင်မြင့်ရှိန်က ပြောသည်။
တာချီလိတ်မြို့နယ်စပ်မှတဆင့် ထိုင်းနိုင်ငံသို့သွားရောက်ဆေးကုသသူအများစုမှာ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဖြတ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းတို့မှဖြစ်ကြောင်း သိရသည်။
"ရှမ်းပြည်နယ်ထဲမှာ ဆေးရုံတွေကို အဆင့်မြှင့်ဖွင့်ထားပြီး အထူးကုဆရာဝန်တွေလည်း ခန့်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ်က တကယ်တမ်းတော့ ကောင်းပါတယ်။ ဝန်ထမ်းအသစ်တွေလည်း ခန့်ထားပြီးပါပြီ။ ကျွန်တော်တို့ဆေးရုံမှာ အခမဲ့ဆေးဝါးစနစ်နဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်ထဲက စပြီး လုပ်ဆောင်နေပါတယ်။ အပြည့်အဝ မရနိုင်ပေမဲ့ ရှမ်းပြည်နယ်ထဲမှာတော့ လူနာအမျိုးအစား (၃)မျိုးကို အခမဲ့လုပ်ဆောင်ပေးနေပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
"ကျွန်တော့်ဦးလေး ကျောက်ကပ်ဆေးတာ ထိုင်းနိုင်ငံမှာ သွားဆေးနေရတယ်။ (၆)လတစ်ကြိမ်လောက် ပုံမှန်သွားဆေးရတယ်။ တစ်ခေါက်ကို ဘတ်(၃)သောင်းလောက်ကုန်တယ်။ အဓိက ဘာလို့သွားတာလဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဆေးရုံတွေနဲ့ ထိုင်းနိုင်ငံကဆေးရုံက ဝန်ဆောင်မှုပေးတဲ့ ပုံစံလည်း ကွာတယ်။ ဟိုမှာက အကူနပ်(စ)ဆို အချိန်ပြည့်စောင့်ပေးနေတာ။ facility လည်းကွာတယ်လေ အဲဒါကြောင့်သွားတာပါ"ဟု နမ့်စန်မြို့မှ ကိုစိုင်းထွန်းညွှန့်က ပြောသည်။
ရှမ်းပြည်နယ်အတွင်း ဆေးရုံပေါင်း(၁၅၃)ရုံဖွင့်လှစ်ထားရှိပြီး အရေးပေါ်လူနာများ၊ ပြင်ပလူနာများ၊ အတွင်းလူနာများအနက် ဆင်းရဲနွမ်းပါးသည့်လူနာအား ဆေးရုံကြီးကြပ်မှုကော်မတီမှ ထောက်ခံချက်ဖြင့် လည်းကောင်း၊ နိုင်ငံဝန်ထမ်း၊ အကျဉ်းသားများ၊ သာသနာရေး သံဃာတော်များ၊ (၅)နှစ်အောက် ကလေးငယ်များအား ဆေးကုသစောင့်ရှောက်မှု အခမဲ့ပေးလျှက်ရှိကြောင်း သိရသည်။
သတင်း။ ကိုဇက်