ထိုင်းနယ်စပ် ဂိတ်ပေါက်များ ရက်အကန့်အသတ်မရှိ ပိတ်မည်ဟုသိရ

ထိုင်းနယ်စပ် ဂိတ်ပေါက်များ ရက်အကန့်အသတ်မရှိ ပိတ်မည်ဟုသိရ
မေ 22, 2014
By Tachileik News Agency
ထိုင်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကြောင့် ထိုင်းစစ်အစိုးရမှ ထိုင်းနိုင်ငံနှင့် နီးစပ်လျက်ရှိသော နယ်စပ်ဝင်ပေါက်ထွက်ပေါက်များကို ၂၀၁၄ခုနှစ် မေလ(၂၃)ရက်နေ့မှ စ၍ ၎င်းတို့၏ နိုင်ငံရေးတည်ငြိမ်သည့်အချိန်အထိ ဂိတ်တံတားများနှင့် ဂိတ်တံခါးများကို ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ထိုင်းနိုင်ငံအတွင်း ည(၁၀)နာရီအချိန်မှ နံနက်(၅)နာရီအချိန်ထိ ထွက်ခွင့်မရှိကြောင်း၊ ထိုသို့ ထွက်ရှိပါက ဖမ်းဆီးမှာဖြစ်ကြောင်းကို ယနေ့ မေလ(၂၂)ရက် ညနေပိုင်းက ထိုင်းရုပ်သံများမှတဆင့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

နယ်စပ်ဂိတ်များ ပိတ်မည့်ကိစ္စနှင့် ပတ်သက်၍ မေလ(၂၃)ရက်နေ့မှ စ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားမှာ ဖြစ်သော်လည်း၊ စိုးရိမ်ဖွယ်မရှိနိုင်ကြောင်းကို ထပ်ဆင့်ကြေညာထားသည်။

ထိုသို့ ပိတ်မည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် နီးစပ်သော တာချီလိတ်မြို့မှ သက်ဆိုင်ရာအကြီးအကဲများက မယ်ဆိုင်မြို့တွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသားများနှင့် တာချီလိတ်သို့ ပြန်လာလိုသော မြန်မာနိုင်ငံသားများအား ပြန်လာလို့ရရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းသိရှိရသည်။

တာချီလိတ်မြို့မှ မယ်ဆိုင်မြို့သို့ နေ့စဉ် အသွားအပြန် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ ကျောင်းသွားလာရေး ကိစ္စနှင့် ပတ်သက်၍ မြန်မာဘက် သက်ဆိုင်ရာအကြီးအကဲများက ထိုင်း-မြန်မာ TBC နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
Photo: bloomberg.com
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~