အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၆၈)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၈)သင်တန်းဆင်းပွဲ တာချီလိတ်တွင် ကျင်းပ
တာချီလိတ် နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်း၏ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အခြေခံအိမ်တွင်းမှုသင်တန်း အမှတ်စဉ်(၆၈)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၃၈)သင်တန်းဆင်းပွဲကို နိုဝင်ဘာ ၂၈ ရက်၊ နံနက် ၈ နာရီ ခွဲ က အဆိုပါ ကျောင်း သင်တန်းခန်းမ၌ ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က အဖွင့်အမှာစကား
ပြောကြားရာတွင် နိုင်ငံတော်က ရည်မှန်းချက်(၅)ရပ်ဖြစ်သည့် နယ်စပ်ဒေသရှိ တိုင်းရင်း သူကလေးများကို အိမ်တွင်းမှု သက်မွေးပညာ ရပ်များသင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန် ၊ ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး၊ လူနေမှုအဆင့်အတန်းမြင့်မား လာစေရန်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို စောင့်ထိန်းပြီး၊အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးငယ်လေးများဖြစ်လာစေရန် ၊ တိုင်းချစ်၊ ပြည်ချစ်၊ အမျိုးချစ်စိတ် အစဉ်ရှင်သန်ထက်မြက်
နေသည့် အမျိုးသမီးငယ်လေးများ ဖြစ်လာစေရန် ၊ ရိုးရာယဉ်ကျေးမှု အိမ်းတွင်းမှုအတတ်ပညာ များကို ပိုမိုထွန်းကား လာစေရန် ရည်ရွယ်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ သင်ကြားပေးလိုက်တဲ့ ပညာရပ်တွေနဲ့ မိမိဘ၀ အောင်မြင်တိုးတက်အောင် လက်တွေ့ အသုံးချသွားကြရန် ပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်စက်ချုပ်သင်တန်းတွင် စက်မှုထူးချွန်ပထမဆုရရှိသော ၀မ်ကောင်းရပ်ကွက်မှ သင်တန်းသူ မပါအိုလဲန်းသီးယမ်း အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တတိယဆုအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း က လည်းကောင်း၊ အခြေခံစက်မှုထူးချွန် ပထမဆု ရရှိသော ရန်အောင်မြေရပ်ကွက်မှ သင်တန်းသူ မနန်းဝါ၀ါ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက လည်းကောင်း ၊ ပညာ/လေ့ကျင့် (ရုံးချုပ်)မှ ပေးပို့သည့် အပ်ချုပ်စက်တစ်လုံးစီဖြင့် ဆုများချီးမြှင့်ပေးပြီး၊ အခြေခံ စက်မှုထူးချွန် ဒုတိယဆု အား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် ကလည်းကောင်း၊ အခြေခံစက်မှု ထူးချွန် တတိယဆု အား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော် က လည်းကောင်း၊ အဆောင်စည်းကမ်းလိုက်နာမှု ဆု အား မြို့နယ်စည်ပင်သာယာရေးဌာန မှ အမှုဆောင်အရာရှိဦးကျော်ဇင် ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံဖူးလောဝ် ကသင်တန်းဆင်း
လက်မှတ်များအားပေးအပ်သည်။ ထို့နောက် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း
သိရသည်။
ဝေယံလင်း(iprd)
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~