မြို့တွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မိုင်းဖြတ်မြို့တွင်

မြို့တွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မိုင်းဖြတ်မြို့တွင်
မေ 4, 2016
By Tachileik News Agency

မြို့တွင်းရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မိုင်းဖြတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ရေနှုတ်မြောင်းတိုးချဲ့ခြင်းနှင့် အမှိုက်ရှင်းလင်းခြင်းများအား မေလ(၄)ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ပြီးခဲ့တဲ့အပတ်က မိုးရွာတဲ့အချိန်မှာ လမ်းမပေါ် အမှိုက်တွေပြန့်ကြဲနေပြီး ရေမြောင်းတွေမှာ ရေလျှံနေတာတွေ့ရပါတယ်၊ ဒါကြောင့် မိုးရာသီမှာ ရေမြောင်းတွေရေလျှံမှုမဖြစ်ဖို့အတွက် အမှိုက်ရှင်းလင်းတာနဲ့ ရေမြောင်းချဲ့တာတွေလုပ်တာပါ"ဟု  မိုင်းဖြတ် စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးတိုးဇော်ထွန်း မှ ပြောကြားခဲ့ပါသည်။

ရေမြောင်းတိုးချဲ့ခြင်း၊ တိမ်နေသောရေမြောင်းများတူးဖေါ်ခြင်း၊ အမှိုက်ရှင်းလင်းခြင်းများအား မိုင်းဖြတ်မြိ့ ၀မ်မိုင်ရပ်ကွက်နှင့် ဈေးတန်းရပ်ကွက်များတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စည်ပင်သာယာရေးဦးစီးဌာနမှ ၀န်ထမ်းများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net