၂၂-၁၀-၂၀၁၄(ဗုဒ္ဓဟူးနေ့)ည(၉း၂၀)အချိန်ခန့်တွင် တာချီလိတ်မြို့
ဆန်ဆိုင်းရပ်ကွက်(၇)လမ်းထိပ်မှာယာဉ်တိုက်မှုတစ်ခုဖြစ်သွားပါတယ်၊
ဖြစ်ပွားပုံမှာ မိုးတဖွဲဖွဲရွာနေသည့်ည(၉)နာရီကျော်အချိန်ခန့်တွင်အမှတ်(၃၁၁)ခြေမြန်
တပ်ရင်းအနီးရှိအုတ်စက်တစ်ခုမှအလုပ်သမားလေးများသည်ထော်လာဂျီ
တစ်စီးပျက်၍ နောက်ထပ်ထော်လာဂျီတစ်စီးနှင့်ကြိုးချည်၍ဆွဲလာခဲ့ရာတာချီလိတ်မြို့ဆန်ဆိုင်း
(၇)လမ်းထဲမှလမ်းမကြီးပေါ်သို့ဖြတ်ကူးမည့်အချိန် ကားများ၊ဆိုင်ကယ်များ၊သွားလာနေကြသဖြင့်
အန္တရာယ်ကင်းရှင်းစေရန်အတွက်ထော်လာဂျီပ်ါမှပါလာသူ(အဘ) ဦးစိုးသိန်း၏သား
ကိုဝင်းကျော်(၃၅)နှစ်သည်လမ်းမကြီးပေါ်မှမောင်းနှင်လာနေကြသောကားများကိုလက်ပြပြီး
လမ်းရှင်းပေးနေစဉ်ပထမမောင်းလာသောကားတစ်စီးမှာအရှိန်လျှော့ကာရပ်ပေးနေသော်လည်း
ဒုတိယမောင်းလာသောကားတစ်စီးမှာရှေ့တွင်ရပ်ပေးထားသောကားကိုကျော်တက်ပြီး
လမ်းပြပေးနေသည့်ကိုဝင်းကျော်အားအရှိန်နှင့်တိုက်သွားမိရာပေ(၂၀)ခန့်လောက်လွင့်သွားပြီး
တိုက်သွားသောကားမှာရပ်မပေးပဲမောင်းပြေးသွားပြီးကိုဝင်းကျော်မှာဦးခေါင်းတွင်ပြင်းထန်စွာ
ရရှိလိုက်သောဒဏ်ရာကြောင့်သေဆုံးသွားပါတယ်၊
တိုက်မိပြီးမောင်းပြေးသွားတဲ့ကားသမားကို စိတ်တိုမိကာ (ကျွန်တော်တို့မြို့မှာ ဒီလိုတာဝန်မဲ့သည်
့ဖြစ်စဉ်မျိုးမရှိသင့်တော့ပါ)ဟုဆောင်းပါးရေးရန်ရည်ရွယ်ခဲ့သော်လည်း
ည(၁၂း၀၀)နာရီ အချိန်လောက်တွင်ယာဉ်ထိန်းအဖွဲ့မှကားရောလူပါတွေ့ရှိပါပြီဆိုတာသိလိုက်ရတော့
စိတ်ထဲမှာတစ်မျိုးပဲ ကားသမားလည်း ကလေးသွားကြိုရင်းဖြစ်သွားတာတဲ့ သူ့နောက်မှာလည်း
ဒုက္ခရောက်ဦးမဲ့မိသားစုတွေနဲ့သေဆုံးသွားတဲ့လူနောက်မှာလည်းကလေးငယ်နဲ့နှစ်ဘက်လုံးဒုက္ခတွေ
ရင်ဆိုင်ရဦးမှာပါ နောက်ဆုံးတော့စဉ်းစားမိလိုက်တယ် ကိုယ်ပြုတဲ့ကံကိုယ်သာခံဆိုတဲ့အတိုင်း ကံအကျိုးပေး
မကောင်းချိန်အသိနဲ့သတိပါ လွတ်သွားတော့ဘ၀တစ်ခုလုံးပေးဆပ်လိုက်ရပြီပေါ့လို့စဉ်းစားမိကာ
(ခေါင်းစဉ်ပြောင်းလိုက်သော - ပဲ့တင်သံ) ဟု ဆောင်းပါးနာမည်ပြောင်းလဲရွေးချယ်မိ
ခဲ့ပါသည်၊
အဓိကဒီဖြစ်စဉ်မှာကားမောင်းသူမှာ မဆင်မချင်အရှိန်ပြင်းစွာမောင်းနှင်လာသလို
ထော်လာဂျီနှစ်စီးလမ်းဖြတ်ကူးမည့်အချိန်အန္တရာယ်ဖြစ်မှာစိုးရိမ်လို့လမ်းရှင်းပေးသူ
ကိုဝင်းကျော်မှာမိုးဖွဲဖွဲရွာနေချိန်လမ်းမီးကောင်းကောင်းမလင်းပဲမှောင်ရိပ်ကျသည့်နေရာမှ
လမ်းပြလုပ်ပေးနေမိတော့ သူ့ကိုကောင်းကောင်းမမြင်လိုက်မိတာကြောင့် ၀င်ရောက်တိုက်မိသွားပြီးမိသားစုနှစ်ခုလုံးဆုံးရှုံးနစ်နာမှုများကြုံခဲ့ရခြင်းဖြစ်ပါသည်၊
ထိုဖြစ်စဉ်အားသင်ခန်းစာယူကာ
ညဘက်လမ်းဖြတ်ကူးသူများမီးရောင်ကောင်းကောင်းအလင်းရရှိတဲ့နေရာများမှသာ
လမ်းဖြတ်ကူးကြပါ၊
မြို့ထဲလမ်းမကြီးပေါ်တွင်ကားများ၊ဆိုင်ကယ်များကို အရှိန်ရှော့ကာမောင်းနှင်စေချင်လိုပါသည်၊မည်သည့်အကြောင်းကြောင့်အရင်လိုသည်ဖြစ်စေရှေ့မှကားတစ်စီးရပ်လျှင်နောက်ကားမှ
ရှေ့ကားဘာအတွက်ရပ်သလဲဆိုတာသေချာလေ့လာပြီးမှခရီးဆက်စေချင်ပါသည်သို့မှသာ
အပြစ်မဲ့သောပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးရခြင်းမှကင်းဝေးနိုင်မည်ဖြစ်သည်။
ယာဉ်အန္တရာယ်ဘေးကင်းဝေးကြပါစေ
ဦးတင့်ဆွေ
မဇ္ဈိမ လူမှုကူညီရေးအသင်း