မိုင်းဖြတ်မြို့နယ် မခန်ရွာအနီးတွင် တောင်ယာပြန်လာသူတစ်ဦး ယာဉ်တိမ်းမှောက်သေဆုံး

မိုင်းဖြတ်မြို့နယ် မခန်ရွာအနီးတွင် တောင်ယာပြန်လာသူတစ်ဦး ယာဉ်တိမ်းမှောက်သေဆုံး
ဇူလိုင် 30, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မွန်ကာကျောင်းအုပ်စု မခန်ကျေးရွာအနီး မခန် - ပါလောင်း မြေသားလမ်းတွင် ဇူလိုင်လ (၃၀)ရက်နေ့  နံနက်(၁၁)နာရီခွဲခန့်က တောင်ယာမှပြန်လာသည့် ယာဉ်တစ်စီး တောင်ကုန်းအဆင်းတွင် တိမ်းမှောက်သွားရာမှ တဆင့် ယာဉ်မောင်းသူ သေဆုံးသွားကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် နမ့်လောက်ရွာနေ အိုက်ဆိုင်သည် တောင်ယာမှပြန်လာစဉ် ၎င်းမောင်းနှင်လာသည့် အီတန်ယာဉ်သည် မခန်ရွာအနီး တောင်ကုန်းအဆင်း၌ တိမ်းမှောက်ခဲ့ကာ ယာဉ်ပိမိပြီး နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
အိုက်ဆိုင်၏ အလောင်းအား မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ယာဉ်မောင်းနှင်သူ အိုက်ဆိုင်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် ယာဉ် (ပ) ၂၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~