ဇောင်းညီ- Tachileik News Ageny
တာချီလိတ်၊ ဇူလိုင်(၃၁)ရက်
ထိုင်း-မြန်မာ နယ်စပ်ဒေသ တာချီလိတ်မြို့ ရွှေဈေးကွက်သည် ဇူလိုင်လ တတိယအပတ်က အကျဘက် ဦးတည်ခဲ့သော်လည်း ဇူလိုင်လနောက်ဆုံးပတ်တွင် ဈေးပြန်လည်တက်လာသည်ဟု သိရသည်။
ဇူလိုင်လ (၂၉)ရက် သောကြာနေ့ ရွှေဈေးကွက်၏အပိတ်ဈေးတွင် ထိုင်းရွှေဈေးမှာ ရွှေ(၁)ဘတ်သားလျှင် ရောင်းဈေး(၂၂၀၀၀) ဘတ်၊ ၀ယ်ဈေး (၂၂၁၀၀)ဘတ် ရှိလာခြင်းဖြစ်သည်။
တာချီလိတ်မြို့၏ ရွှေဈေးကွက်မှာ ဇူလိုင်လပထမပတ်နှင့် ဒုတိယပတ်အတွင်း ထိုင်းရွှေ(၁)ဘတ်သားလျှင် (၂၂၀၅၀)ဘတ်မှ (၂၂၉၀၀)ဘတ်အထိ ဈေးတက်လာပြီး ဇူလိုင်လ တတိယပတ်တွင် ထိုင်းရွှေ တစ်ဘတ်သားလျှင် ဘတ်(၁၉၇၀၀)ခန့် အထိ ကျဆင်းလာခြင်းဖြစ်သည်။
"ဒီလထဲမှာက ရွှေဈေးလည်း မငြိမ်သလို အရောင်းလည်း မငြိမ်ဘူး။ လွန်ခဲ့တဲ့တစ်ပတ်လောက်ကနေစပြီး အရောင်းအ၀ယ်က အေးသွားတယ်။ တော်တော်လေးကို အေးနေတာ။ ရွှေဆိုင်တိုင်း လိုလို အရောင်းအ၀ယ် မကောင်းတာ။ ဒီနေ့က (၂၂၁၀၀)ဘတ်နဲ့ ဈေးပိတ်သွားတယ်။ မနက်ဖြန်က စနေ၊ တနင်္ဂနွေဆိုတော့ ရွှေဈေးပိတ်တယ်လေ။"ဟု နန်းရွှေကျင်း ရွှေဆိုင်မှ ကိုဖြိုးခွန်နောင်က ပြောသည်။
တာချီလိတ်မြို့၏ ရွှေဈေးကွက်တွင် ထိုင်းရွှေကို အဓိကရောင်းဝယ်ခြင်းဖြစ်ပြီး ထိုင်းရွှေတစ်ဘတ်သားမှာ (၁၅.၂၂)ဂရမ်ရှိကာ မြန်မာရွှေတစ်ကျပ်သားမှာ (၁၆.၆၂)ဂရမ်ရှိသောကြောင့် မြန်မာရွှေ နှင့် ထိုင်းရွှေ ဈေးနှုန်း အနည်းငယ်ကွာဟကြောင်း သိရသည်။
ထိုင်းရွှေ တစ်ဘတ်သား၏ ဈေးနှုန်းများမှာ ဇူလိုင် (၂၅) ရက်နေ့တွင် ၂၁၇၅၀ ဘတ် (အရောင်းဈေး)နှင့် ၂၁၈၅၀ ဘတ် (အ၀ယ်ဈေး) ၊ ဇူလိုင် (၂၆) ရက်နေ့တွင် ၂၁၇၅၀ ဘတ် (အရောင်းဈေး) နှင့် ၂၁၈၅၀ ဘတ် (အ၀ယ်ဈေး) ၊ ဇူလိုင် (၂၇) ရက်နေ့ တွင် ၂၁၈၀၀ ဘတ် (အရောင်းဈေး) နှင့် ၂၁၉၀၀ ဘတ် (အ၀ယ်ဈေး)၊ ဇူလိုင် (၂၈) ရက်နေ့တွင် ၂၂၀၅၀ ဘတ် (အရောင်းဈေး) နှင့် ၂၂၁၅၀ ဘတ် (အ၀ယ်ဈေး)၊ ဇူလိုင် (၂၉) ရက်နေ့ က ၂၂၀၀၀ ဘတ် (အရောင်းဈေး) နှင့် ၂၂၁၀၀ ဘတ် (အ၀ယ်ဈေး) ဖြစ်ကြောင်း သိရသည်။
(တင်ရန်) တာချီလိတ်မြို့ ရွှေဈေးကွက်တွင် ဇူလိုင်လ တတိယပတ်က အကျဘက်ဦးတည်သည့် ရွှေဈေး နောက်ဆုံးပတ်တွင် ဈေးပြန်တက်
Featured News
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 21, 2025
ဖေဖော်ဝါရီ 20, 2025
ဖေဖော်ဝါရီ 20, 2025