ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ မိုင်းဖြတ် တွင် ကျင်းပ မိုင်းဖြတ် နိုဝင်ဘာ ၂၃

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ မိုင်းဖြတ် တွင် ကျင်းပ မိုင်းဖြတ် နိုဝင်ဘာ ၂၃
နိုဝင်ဘာ 23, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဘုရင့်နောင်ခန်းမ၌ နိုဝင်ဘာ ၂၃ ရက်၊ မွန်းလွဲ ၁ နာရီက ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော် က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ၊ တာချီလိတ်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် က ယာဉ်လိုင်စင် ၊ယာဉ်မောင်းလိုင်စင်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ
ဆောင်ရွက်ပေးလျက်ရှိကြောင်း နှင့် ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ဆိုးကျိုးဖြစ်ပေါ်မှုများကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်းဟောပြောသည်။
ထို့နောက် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန မှ စစ်ဆေးရေးမှူး - ၃ ဦးစိုင်းဆမ်တစ် က ယာဉ်မောင်းလိုင်စင်ထုတ်ပေးနေမှုအပေါ် အသက်အရွယ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်ယာဉ်မောင်းသူများ
အနေဖြင့် လမ်းသင်္ကေတများကို သိရှိ နားလည်စေရန်အတွက် သင်္ကေတများနှင့်အတူ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဇော်ဇော်ညွှန့် က ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာမှုမရှိခြင်းကြောင့် ယာဉ်မတော်တဆ
ဖြစ်ပွားမှုများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြုကော်မတီဝင်များ၊ တက္ကစီယာဉ်မောင်းများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း အင်အား (၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(iprd)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~