အတည်ပြုလူနာသစ် (၁၄၁၈)ဦးထပ်တိုးပြီး (၃၀)ဦး သေဆုံး
တစ်နိုင်ငံလုံးမှ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၂,၇၁၉) ခုအား စစ်ဆေးထားသည့်ရလဒ်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ ည(၈)နာရီထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၁၈) ဦးထပ်တိုးတွေ့ရပြီး တစ်နေ့အတွင်း အတည်ပြုလူနာ (၃၀)ဦး သေဆုံးကြောင်း သိရသည်။
ဒီဇင်ဘာလ (၃)ရက်နေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း(၁၂)သိန်းကျော်စစ်ဆေးခဲ့သည့်အနက် အတည်ပြုလူနာ စုစုပေါင်း (၉)သောင်းခွဲတွေ့ရှိထားကာ သေဆုံးသူ (၂)ထောင်ကျော်ရှိနေပြီဖြစ်သည်။
Tachileik News Agency